Monday, February 28, 2011

"မတန်မရာ"

တာလီချိုးမထားဘူး
ဒိုင်ယာရီမှာလဲ မှတ်မထားဖြစ်ဘူး
အဲ... လို
စိတ်ရှည်လက်ရှည် ရက်စွဲတွေကို
တိုက်ခိုက် ညှို နှိုင်း
ဒါနဲ့
ငါ့ရဲ့ ပင်လယ်လေးလည်း ကိုယ်ရေသွေးတတ်လာပီ
ရှောင်တတ် တိမ်းတတ်လာပီ
ပီယဝါစာ မပါ အလိမ်အညာတွေ နဲ့
ဖုံးဖိတတ်လာပီ...။

အိမ် တဲ့
ကောင်းကင်နဲ့ ပင်လယ်...
တဒင်္ဂတော့ အတွေးတွေ ဖြာဖြာလက်
အကြည့်တွေ့ အရိုင်းဆန်ပေမယ့်
အပျော်လေးတွေ ကူးယှက်...။
ဘဝပေါင်းများစွာ...
ပင်လယ်ထဲကို စီးမျော
လက်ပေါင်းများစွာ
ကောင်းကင်ကို ကမ်းလင့်.....။

ဖြတ်သန်းသွားလာဖူးတဲ့ လေပြေတွေ....
ဖြူစင်သန့်ရှင်းလွန်းပါတယ် ...။
အတွေးတွေနဲ့ သာ..
မတန်မရာ.......။

ဝေမှူးချို

မိန်းမ တစ်ယောက်ရဲ့ တန်ဖိုး

ဘယ်သူဘယ်သူမှမရည်ရွယ်ပါဘူး။ ဖြစ်တတ်တဲ. သဘောလေးတွေကို မြင်ကြည်.တာပါ ယောက်ျားလေး ထုကို နှိမ်ချချင်တဲ့စိတ် အထင်သေးတဲ့စိတ် လုံးဝ မရှိပါလို.့.... ကြိုတောင်းပန်ပါတယ်။ ဒီခေတ်....မိန်းကလေးတွေ အိမ်ထောင်မမြဲကြတာက ၊ မိန်းမတွေရဲ့ ပညာတတ်မှု ၊ ပစ္စည်းဥစ္စာကို ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းရှာဖွေနိုင်မှု ၊ အသိပညာတိုးတက်လာမှုတွေကြောင့်ဖြစ်နိုင်ပါတယ်လို. ဆိုတာထက်.... ဒီနေ့တွေ့နေရတဲ့ အိမ်ထောင်ပျက် တော်တော်များများမှာ ................ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ အသုံးမကျမှု ၊ တာဝန်ယူချင်စိတ် နည်းမှု ၊ ပြီးတော.့ အဲဒီအသုံးမကျမှုတွေရဲ. နောက်ဆက်တွဲကို သည်းခံနိုင်မှု ကုန်ဆုံးလာလိုလဲ ဖြစ်နိုင်တာပေါ.။။ 
ဒါ ကျွန်တော့်အနေနဲ့ ယောက်ျးလေးတွေကို ပုတ်ခတ်ပြီး ပြောတာမဟုတ်ဘူနော်။။ ဆိုးတဲ့ယောက်ျား သုံးစားလို့မရတဲ့ ယောက်ျားလေးတွေကတော့ ခုမှမဟုတ်ပါဘူး ဟိုအရင်ကတည်းကရှိခဲ့ကြမှာပါ။။ ဒီလိုပြောလို့ မိန်းကလေး တွေလည်း မပါဘူးမထင်ပါနဲ. ရှိနေမှာပဲ ....... 
ပြောရရင်တော့ Gender Balance မမျှတာပေါ... ယောက်ျားဖြစ်တဲ့ သူက အပြင်မှာဘာလုပ်လုပ် တင့်တယ်တယ်ဆိုတဲ့ ခေတ်ကြီးက ခုတော့ မီးစာကုန်နေပါပြီ နောက်တစ်ခုက .. ဒီခေတ် မိန်းကလေးတွေရဲ. ဆုံးဖြတ်ချက်ပိုင်နိုင်လာမှု အမှန်တရားကို ခံတွင်းတွေ.လာမှု ပြီးတော့ ပတ်ဝန်းကျင်ကို ရင်ဆိုင်နိုင်တဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတွေကြောင့်လို့ ပို ပြီး ဆိုလိုချင်တယ်။
နောက် မိန်ကလေးတွေရဲ့တန်ဖိုး ဟုတ်လား ။ 
ပတ်ဝန်းကျင်ကသတ်မှတ်တဲ့ တန်ဖိုး ဆိုတာ ........ သူတို့ရဲ့ အသိဥာဏ် ခံယူချက်တွေကိုက သုညက မတတ်သေးလို့ ဖြစ်နိုင်ပါတယ်။။။။။ တန်ဖိုးဆိုတာ လူတွေ သတ်မှတ်ကြတာပါ။ သုည ပဲ တန်တဲ့ လူက သတ်မှတ်ရင်တော့ သုညပဲရမှပေါ့ ဟုတ်ဘူးလား ။
ယောင်္ကျားတွေက မိန်းမတွေကို တခြား အရည်အချင်းတွေထက် သူမရဲ့ အိမ်ထောင်ရေး အခြေအနေနဲ့သာ သက်မှတ်တယ် ဆိုတော.....အရက်ထဲခေါင်းနှစ်နေတဲ. ယောက်ျားကို မလွန်ဆန်ဝံပဲ အိမ်ထောင်မပြိုကွဲအောင် ကြိတ်မှိတ်နေကြတဲ့ မိန်းကလေးတွေရဲ့ မျက်ရည်က အရည်အချင်း တခုလား........... 
အဲလိုလေး မေးကြည့်ချင်ပါတယ် အပြင်မှာ ရှုတ်ချင်တိုင်းရှုတ်ပြီး ရောဂါတွေ သည်လာတဲ့ အိမ်ထောင်ဖက်ကို ထမင်းခူးကျွေးနေတဲ့ လက်က တန်ဖိုးလား ။ ယောက်ျားပေါင်း မောင်းမတစ်ထောင်ဆိုတာကရော ခင်ဗျားတို့တစ်တွေ သတ်မှတ်တဲ့ တန်ဖိုးလားလို့ ......... အဲဒီ ပတ်ဝန်းကျင်ကြီးကို ပြန်မေးလိုက်ချင်ပါတယ်။။။ ယောက်ျားပေးကျွေးတာလေး ရောင့်ရဲပြီး ပြောသမျှယုံ ပေးသမျှ နဲ့ ရောင်ရဲတတ်တာ မိန်းမတွေ က အရည် အချင်း အပြည့် နဲ့ တန်ဖိုးအပြည့် နဲ့လား ။ ခုဆို ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်နေပါပြီ......။
ကိုယ်အိမ်ခန်းသေးသေးလေးကနေ ကြိတ်ငိုနေမယ့်။ အစား ပြတင်းပေါက်ကနေ ခေါင်းပြူပြီး လောကကို ကြည့်မိတာက မိန်းကလေးတွေရဲ့ ရလာဒ်ဆိုးကြီးလား။ခုဆို ကျွန်တော်တို.ရဲ. မိတ်ဆွေ ပတ်ဝန်းကျင် ဆိုတာကြီးကလည်း ရွာထဲမှာ လှည်းစီးနေပါပြီ ဗျာ :P 

ကဲ သူငယ်ချင်းတို့ရော မိန်းကလေးတစ်ယောက်ရဲ. တန်ဖိုးကို ဘာနဲ့ သတ်မှတ် တိုင်းတာကြပါသလဲ။??

* ဒီပိုစ့်ကို futuredream.ning.com မှာ ရေးခဲ့ဘူးပါတယ်****

Wednesday, February 23, 2011

"ဓါး"

မနေ့ကတော့
ပင်လယ် အတွက်
အနားသတ် ကောက်ကြောင်းတွေ
ငါ ....
ဘောင်ခတ် ပစ်လိုက်တယ်
အားလုံးပြီးဆုံးသွားတာပေါ့။။။။။။။။။။။။။

လမ်းမရှိတဲ့ တောမှာ
ငါ့ ခြေထောက်တွေက နေရာ မရွေ့ချင်တော့ဘူး
၁ ။ ၂။ အော်ပြီး ၃ ။တွေ ၄။ တွေ
ထိုးထိုးကျွေးရတဲ့ ဘ၀။။
ရေများရင်တော့ ရေနိုင်မယ်....။။။။။။

မနေ့က
သူ့ရင်အုံကို ဖွင့်မိလိုက်တယ်..

မိုက်မဲတဲ့ နေခင်းတိုင်းက
မီးထက်တော့ပိုပူမယ်မထင်ဘူး.............

'အခွင့်မရှိတိုင်း မ၀င်ရ'တဲ့
သံသယ တွေရဲ့နားက
အသံတွေဆီ ဦးတည် နေမှာပါ
ဖြေရှင်းချက်ဆိုတာ
ခြေခင်းလက်ခင်းသာတိုင်း
လမ်းဝင် မလျှောက်တတ်ဘူး. ........လေ

ရိုးသားစွာ ၀န်ခံခြင်းက
စည်းတွေ အတွက်
ဓါး တလက်လား
ကျွန်တော့် နောက်ကျောကို ဓါးနဲ့ထိုးဖို့
သင့်အား ..........၀န်မလေးစေချင်တော့ပါ။။။

ဝေမှူးချို 

Monday, February 21, 2011

"ပင်လယ်သေ"



မြစ်တွေကတော့ တာဝန်မပျက်
ခင်ဗျားသာ
အနားသတ်ကောက်ကြောင်းတွေ အကြောင်း
ထည့်မတွေးနဲ့ ကိုယ့်လူ

ပြောခဲ့ကြတယ်..... အတူတူ
ပုံစံမတူတဲ့ စီးဆင်းမှုတွေ ...

ငေးခဲ့ကြတယ် .. အတူတူ
သာယာတဲ့နေ့ရက်တွေ..

ရင်ဆိုင်ခဲ့ကြတယ် ... အတူတူ
မုန်တိုင်းထန်တဲ့ နေ့စွဲ တချို့တလေ..

ပင်လယ် ဆိုတာ.....
လှ တစ်ခါ ၊ မဲ့ တစ်လှည့်
ဒါ သဘာဝ ဆိုတာ သိပြီးသား......။

တစ်ခါတလေ
နင်ရော ၊ ငါရော
လူသားဆန်တဲ့ အခါ ဆန်..
ပင်လယ် ဆန်တဲ့ အခါ ဆန် ပေါ့.........။

Saturday, February 19, 2011

"ပင်လယ်"


ငါ..လမ်းတွေကို နင်းမိပြီ
အဟက်
လျှောက်နေတဲ့လမ်းက
ခြေထောက်နဲ့ မတော်ဘူး.....။

ဒဏ်ရာက ဟောင်းတယ်။

တစစ်စစ်ကြွေကျသံ
ကိုယ့်အလင်း နံရံတွေပေါ်
ပိန်းပိတ်အောင် မှောင်တယ်

သတိရစိတ် ..
တိမ်တွေနဲ့ ရေးထားလိုက်တယ်...။

ဒဏ်ရာ..
မသေချာ ...
မရေရာ...။

ဆွေး မြေ့ ကြေ ကွဲ
ဒီတစ်ကြိမ် ......... ဝမ်းမနည်းဖြစ်ဘူး။

ငါလျှောက်နေတဲ့ လမ်း
စိတ်ကူးပန်းရိုင်းတွေ မျိုးစေ့ချခဲ့တယ်..။

တကယ်က ..
သူဟာ ...... တစ်ချိန်က ..
ငါ့ကို နားလည်တဲ့ ပင်လယ် ပါ




Monday, February 7, 2011

"အလင်းတိုင်"

7-2-2011
ကျမ ဘယ်အချိန်ထိ ငိုင်နေမိပါလိမ့်
တ-တူ-တူ အသံလေးနဲ့ ချသွားတာကြာပီဖြစ်တဲ့ ဖုန်းကို ငိုင်တွေတွေသာ ကြည့်နေမိတယ်
ဒီနေ့မနက်စောစော..........
 "မေမေ က သားကို တကယ် မချစ်ပါဘူး" တဲ့လေ
သားငယ်ရဲ့ စကားသံကို ကျမ ဘယ်လို အားတွေနဲ့ ပြန်ပြောခဲ့မိလည်း မသေချာ..........ပါ။မသိတော့ပါ........
ပါးထက်က ခြောက်သွေ့နေတဲ့ မျက်ရည်တွေက
သားအတွက် အဖြေကောင်းကောင်း အကြောင်းပြချက်ကောင်းတွေပေးနိုင်မှာ မဟုတ်ပါဘူး။

အိမ်စီးပွားရေး ... သားငယ်ရဲ နောင်ရေးတွေကြောင့် အဝေးရောက်နေတဲ့ ကျမဆီကို..
မွေးနေ့အမှီ ပြန်မလာခဲ့လို့..........
ရန်တွေ့နေတဲ့ ဒေါသ သံလေးပါ
သားက ဒီနေ့ဆို (၆) နှစ်ပြည့်ပြီ............။

အမေမျက်နှာ ကို တစ်ကမ္ဘာထင် ပြီး ရှင်သန်လာခဲ့တဲ့ သားငယ်... အဖေဆိုတာ ဘယ်နေမှန်း မသိခဲ့ပဲ......
လောက အကြောင်း မသိသေးတဲ့ သားငယ်....။
ဝဋ်ကြွေး လို့ ခေါင်းစဉ်မတပ်ချင်ပါဘူး ကိုယ့်မိုက်ပြစ်တွေကြောင့်
ဒုက္ခ ဆိုတာဘာမှန်း မသိသင့်သေးတဲ့ အရွယ်မှာ
မိသားစု အရိပ်အမြုံ ၊ အေးမြမှု.........
ကျမ ဘာတစ်ခုများပေးစွမ်းနိုင်သေးလို့လဲ
ဒါပေမယ့် ရုန်းကန်နေရတဲ့ အချိန်တွေမှာ သားက ကျမအတွက်.......အလင်းတိုင်လေးပါ


###############################################################

အပြင်ပန်းက မာကျောတဲ့ ဟန်နဲ့ ဂျစ်ကန်ကန်ကောင်မလေး
သူ့ရင်ထဲမှာလဲ............ ငိုနေတဲ့ တိမ်တွေရှိနေခဲ့တာပါပဲ...
အပြစ်တွေလား........... ဒါမှမဟုတ် နောင်တတွေလား
ကိုယ်စိုက်ခဲ့တဲ အသီး အပွင့်တွေပါပဲ ထင်ပါရဲ့

အဲနေ့က ... လောက ကို အရှုံးပေးဖို့ အသင့်ဖြစ်နေတဲ ကောင်မလေးမှာ
ရင်သွေးလေး ရှိနေပီ ဆိုတာ သိလိုက်ရုံနဲ့............ အရာရာ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့တာ



                             ######################################

7-2-2005(တနလာၤေန့)
တသက်လုံး ဒီလိုအားအင်တွေ ဒီလိုခြေလှမ်းတွေနဲ့ တစ်ခါမှ မလျှောက်ခဲ့ဘူးဘူး
အဲ့ဒါသေချာပါတယ် ။
ယိုင်နဲ့နဲ့ စိတ်ဓါတ်လေးက....... နောက်ထပ် တွယ်တာစရာ..
ငါ့သွေးသား ဆိုတဲ့အသိလေးနဲ့ ....
ခြေလှမ်းတွေက လေပေါ်ပဲ မြောက်တတ်သွားမလား ....... ရှင်သန်ဖို့အတွက် အားအင်တွေလေ...
ဟော..... မြင်နေရပါပီ အခန်းဒေါင့်ချိုးကွေ့ က OT(ခွဲခန်း... တခါးဝ...)
အစိမ်းဝတ်နဲ့ ဆေးရုံဝန်ထမ်းတွေ..
" ဟာ ... ဒါခုနက မွေးလူနာလား... စံပဲဟေ့ OT ခန်းကိုလမ်းလျှောက်လာတယ်....."
မွေးဖို့ရက်လွန်နေတဲ့ ကျမ ဒီနေ့ ဆေးရုံတက်ရတယ်..
နောက် ဗိုက်နာတဲ့ ဆေး သွင်းတယ်တဲ့... ဒါပေမယ့် ဗိုက်မနာတဲအပြင်
ကလေးက အသက်ရှုသံနှေးသွားလို့......... ပြီးလူကြီးပါ အသက်ရှုကျပ်လာလို.. အရေးပေါ်ခွဲစိတ်ရမယ်တဲ့လေ
ခက်ခဲနေတဲ့လေတွေကို ရှိုက်သွင်းရင်း....... ယိုင်တိုင်တိုင်အားအင်တွေနဲ့ အတူ
ခွဲခန်းဆီကို လျှောက်လာခဲ့တဲ့ ကျမရဲ့ ရပ်တည်မှုခြေလှမ်းတွေပေါ့

နောက် .နားဆီက ..
" ဟာ အေးမူညိုပါလား ညီမလေး ........ လာ ..လာ.. ကြည်စမ်း   သတ္တိကောင်းတယ်ဟေ့ ဒါမှ ငါ့ညီမလေး " OG မမရဲ့အသံ
ကျမအတွက် စိတ်ဓါတ်ခွန်အားတွေ အမြဲပေးခဲ့တဲ့ မမပေါ့
ကိုယ်ဝန်ရှိပီး နောက်ပိုင်း တစ်ဦးတည်းသော ကျမရဲ စကားပြောဖေါ် မမ ရဲ့ အားပေးသံစိုးရိမ်စိတ်တွေနဲ့ အတူ

ခွဲခန်း ကုတင်ပေါ်မှာ ယောက်ယက်ခက်နေတဲ့ ကျမစိတ်တွေ.....ကြား

ရှေဆက်ရမယ့်ခရီးမှာ သား ဆိုတဲ့ အသိနဲ့ ..........


@@@@@@@@@@@


ဟိုးတုန်းက ............ အိပ်ရာဝင် ပုံပြင်တွေကြားမှာ သားရဲ့မေးသံ
"မေမေသားကို ဘယ်လောက်ချစ်လဲ "တဲ့
လမင်းကြီးလောက် ၊ ...............လောက်
ကျမ ဒီလိုမဖြေဖြစ်ခဲ့ဘူး( သား မျှော်လင့်နေတဲ့ အဖြေထက်.................)
"မေ အသက်ရှင်နေတာ သား ရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ပါ"
ဒီလိုဖြေတော့ နားမလည်နိုင်တဲ့ သားငယ်ရဲ့ မျက်ဝန်းတွေ အတွက်
ကျမ ပြန်မဖြေရှင်းတတ်ခဲ့ဘူး
တနေ့နေ့မှာ သား......... နားလည်နိုင်မှာပါ.......။

စကားလုံးတွေကို နားလည်အောင် မရှင်းပြတတ်ခဲ့မိတာ ကျမ ရဲ့ အားနည်းချက်ပါ
ဒါပေမယ့် ခံစားမှုဆိုတာ လုပ်ယူလို့ မရဘူး။ ခံစားဘူးတဲ့ သူတိုင်းသိကြပါတယ်............။
သားသား နားလည်တတ်မည့် တစ်နေ့
ကျမ  သူ့ ကို ဘယ်လောက်ချစ်တယ်ဆိုတာ...............

Sunday, February 6, 2011

"မဆိုရက်တဲ့ တေး"

ဆန္ဒ နဲ့ ခေါင်မိုး မလုံတဲ့ တိမ်
ဒီ မျက်လုံးတွေမှာ မျက်ရည် စို မိ တိုင်း
မြင်ကွင်းက အရိုင်းဆန်နေတတ်တယ်။။။။

ခွင့်လွှတ်ပါကွယ်
ဟင်းလင်း ဖွင့် နံရံတွေမှာ
စီးမျောမိတိုင်း
ငါ
ဒီတေးကိုသာ ထပ်ခါ တလဲလဲဆိုချင်ခဲ့။။။။

ခွင့်လွှတ်ပါကွယ်
ဒီ တေးကို မင်းမဆိုချင်တဲ့ အခါ
ဒီ လမ်းကို မင်းမလှမ်းချင်တဲ့ အခါ
ချိတ်ဆွဲလက်စ အလင်းတိုင်တွေ
မှေးမှိန်ပေးထားမယ်

ငါ............... ဒီဇတ်လမ်းကို ဖတ်မိတိုင်း
ဇတ်သိမ်းခန်းကို မရောက်နိုင်ဘူး
စာမျက်နှာထက်
လူတွေရဲ.မျက်နှာက
ဖတ်ရလွယ်တယ်လေ။။။။။။။။

"အလကားလူရဲ. စကား"

အချစ်က
လူတွင်ကျယ်လုပ်ဖို့လိုလား
လူကြားသူကြား အသံတွေမှာ
ငါ ပါဝင်ဖို့ ခက်တယ်
ထမင်းသိုး ဟင်းသိုး လူပါ
ထားရာ နေတယ်
စေရာ သွားတတ်တယ်
ပြီးတော.....
ငါ နင်.ကို အရမ်းချစ်တယ်

စာမျက်နှာပေါ်က စာကားသံတွေလား
နှလုံးသားပေါ်က စာမျက်နှာတွေလား
နင့် ဇယားတွေက နားခါးလိုက်တာဟာ
စိတ် ဆိုတာ
အလိုလိုက်တိုင်း သွားတတ်တာမျိုးလား
အဟက် .........
ငါက ထမင်းသိုး ဟင်းသိုး လူပါ

ဒါပေမယ့်
ငါ နင့်ကို ချစ်တယ်

ကစားပွဲလား စကားပွဲလား
တရားသဖြင်တွေ မလိုပါဘူး
အရှုံးလား အနိုင်လား
ထမင်းရည်ပူလောင်သွားလား
ငါ က ထမင်းသိုးဟင်းသိုးလူပါ
အလားကားပဲတင်းလူပေမယ့်
ငါလည်း ခွေးရူးလုပ် တတ်ပါတယ်
အဟက်
ငါက
ထမင်းသိုး ဟင်းသိုးလူပါ ။။ (နင်.အတွက်လား)

"သံသယ"

ရှူရှိုက်ခွင့် ရခဲ့တာ
မျှော်လင့်ခြင်း ရနံ့တွေ .............. ။
ဒီ ကောင်းကင် တစ်ရိုး
အငြိုးနဲ. မိုးတဲ့“တိမ်”
အံကြိတ်ပြီး ခြိမ်းတယ်

မနေ.က အတိတ်က ဒီနေ.အတွက် အရိပ်တွေလေ
နောက်တစ်ခါ မှန်မယ်. “ခဲ” ကအချိန်မရွေးဘူး
ဒုက္ခတွေနဲ. နှလုံးသားက
ခဏ သေဘူးပြီးပြီ

နာကျင်မှူတွေလား
နင် ပြန်တူးဆွလိုက်တိုင်း
ငါတို့အတွက်တော့
သံသယ ဆိုတာ မုန်တိုင်းဒီရေ လိုပဲ.........

“ငါ” ဆိုတာ
အမြဲတမ်း ............ အငြင်းခံရတယ်
အမြဲတမ်း ............ လွဲချောခံရတယ်
အမြဲတမ်း ............ မှောင် မိုက် ခံရတယ်

မှိုတတ်နေတဲ. အိတ်ကပ် ထဲမှာ
မနက်ဖြန်ဆိုတာ
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို
၁ ... ၂.....၃
မရေတွက်ပဲ မုန်းခဲ.တာလည်း အကြိမ်ကြိမ်။။။။။။။။။။။။။။။။။။။။။။

Wednesday, February 2, 2011

#NEGLECT#


တိတ်တိတ်လေးနေပေးပါ…….
ည ဆိုတာ…….. အလင်း က အစ တိတ်ဆိတ်ပေးရတယ်…တဲ့
ဟုတ်ပီ… ဒါဆို
ငါကရော…. နောက်ထပ် ဘာတွေ တိတ်ဆိတ်ပေးရအုံးမလဲ……။
အဓိပ္ပါယ်တွေ နဲ့
ကိုယ့် အ ရိပ် ကိုယ် ….ပြန် သုတ် သင် ရင်း..
တကယ်ဆို…
နင် လဲ ငါ့ ရှေ့မှာ မ ရပ် ခဲ့ သင့် ဘူး။
ဝေးဝေးသွားပါ……….တဲ့
ဘဝ….. ယုံကြည်ချက်
ချစ်ခြင်း မေတ္တာ …………. သံယောဇဉ်
တခုခု…..။

ဘာတစ်ခုမှ မရှိတော့ဘူး ဆိုတာတောင်….
ပိတ်လှောင်ထားတဲ့ေ-ှာ်ျ-င့်ြ-င်း တွေ
ကျန်နေအုံးမယ်….။
ရပ်တည်မှုပေါ့……………
ခြေ လှမ်း အ ရွေ့မှာ
နင်ရော ငါရော
…………………………………………………………။         ။

"မ လို ပါ ဘူး ကွယ်"

ချည်နှောင်ခဲ့တာမဟုတ်ပါဘူး
ချိတ် တွယ် မိ ရုံ သက်သက်ပါ.................။

တုန့်ပြန်စရာ တဲ့လား
မလိုပါဘူးကွယ်
ငါလည်း ....
ဓူဝံကြယ်ဆိုတာ မြင်ဘူးခဲ့ပြီးပြီပဲ.........။

ခိုလှုံစရာ ...............တခုခု
မလိုပါဘူးကွယ်
ငါ့      အသက်ရှုသံ ကျိုး တိုး ကျဲ တဲ ကြား မှာ
ဖေးကူထားတဲ့ လက်တစ်စုံ ရှိဖူးခဲ့ပြီ........။

ပူလောင်သွား သတဲ့လား.....
ဝေဒနာ မပါပဲ .......... ဘဝ မဖြစ်နိုင်ဘူး
နာ ကျင် စ ရာ မ ပါ ခဲ့ ပဲ.......... အချစ်ဖြစ်မယ်မထင်ဘူး။

အဖြူရောင်ပဲ ဆိုရင်ဖြင့်
ချည်နှောင်စရာ မပါပဲ
င့ါကို မင်း  ပြုံးပြတတ်ဖို့တော့လိုနေတယ်။       ။