Monday, March 28, 2011

****ရှိုက်သံ*****


အဖေ နဲ့ စကားမပြောဖြစ်တာကြာပီ...
ဘဝင်တွေနဲ့ မာနတွေလမ်းခင်းရင်း
ပြီးခဲတဲ့ နှစ် အစွန်းပိုင်းက
အဖေ့သမီးကြီး အိမ်ပေါ်က ဆင်းခဲ့တယ်

မှတ်မိပါသေးတယ်..
မာန်တင်းထားတဲ့အဖေ မျက်ဝန်းမှာ
ပူပန်မှုတွေ အပြည့်.......ပါလား။


သမီးမိုက်က နောင်တတွေတသီကြီးပိုက်
အမှောင်ကို ကြိုက်သတဲ့လေ
အဖေ့သမီးက
အသိုက်ကို ခြေစုန်ကန်လို့
တစိမ်းဆန်သတဲ့လား အဖေရယ်....။


အဖေ့ကိုချစ်တဲ့ သမီး
ကမ္ဘာမကျေ အမှားတွေ ဆေးကြောရင်း
မိသားစုကြားမှာ ...
တစ်ခါလောက် လင်းချင်းကြည့်ခြင်တာပါ..

အတောင်အလက်စုံလို့
လေကိုဆန် မာန်ထန်နေတာ မဟုတ်ရပါဘူး..


အဖေဆီက
ဒါမှငါ့ ...သမီးကြီး ဆိုတဲ့  ဂီတသံ နာခံချင်ယုံပါ.. အဖေရာ။။


ဒီနေ့ အဖေ ဖုန်းဆက်တယ်..
တစ်ယောက်ပြီးတစ်ယောက်
ကမ္ဘာမြေက ပျောက်သွားလိုက်ကြတာ..တဲ့
ငါသေတဲ့ထိ နင်ကိုပြန်တွေ့ပါ့အုံးမလား သမီးကြီးရယ်...... တဲ့


ဇာရာခိုင်းလို့... နားကိုင်းနေတဲ့ အဖေ
သမီးကြီးရဲ့ ရင်ထဲကရှိုက်သံအတိန်အနက်ကိုတော့
ကြားနိုင်သတဲ့လားအဖေ။


ဝေမှူးချို
၂၈-၃-၂၀၁၁ (6:20 PM)

Tuesday, March 22, 2011

အမည်မဲ့မိုး


မလိုချင်တဲ့ လူတွေဆီကမှ 
အဲဒီ မိုးတွေ
ရွာနေလိုက်တာ ..အစ်ကိုရာ
တစ်ခါတစ်လေ တွေးမိတယ်...
ကိုယ်တစ်ယောက်ထဲ အတွက်ပဲ
သူ့ ရာသီမှာ
နွေခေါင်နေတာလားလို့လေ..... :(

ဟုတ်ကဲ့
ကမ္ဘာကြီးရဲ့ ရာသီဥတု
စုတ်ပြတ်သတ်နေတာ လက်ခံနိုင်ပါတယ်
လူတစ်ယောက်ရဲ့ရာသီဥတု..
အဲဒီလောက်
နွေခေါင်နေမယ်ဆိုတာတော့
...........................................။

Monday, March 21, 2011

ဝှက်ထားတဲ့ ကျိန်စာ

အဲဒီနေ့က
သာမန်ပြက္ခဒိန်ထဲက နေ့စွဲတစ်ခုပါပဲ
မဝလင်နိုင်တဲ့ အပျော်တွေ နွေးထွေးမှုတွေကြား
ဝှက်ထားတဲ့ ကျိန်စာဟာ
ကျွန်တော့်ဆီကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်
မတော်တဆ တွေ့ခဲ့မိတာပါ...။

အခန်းအောင်းပြီး
နာကျင်ကြေကွဲနေစရာလိုလို့လား....။

ခက်နေတာက
နာကျင်အောင် လုပ်ခဲ့မိတယ်
နာနာကျင်ကျင်လည်း ခံစားရတယ်....။

ငါ....... ပြီးတော့.......... ဒဏ်ရာ

ဒဏ်ရာတွေ တွေ့တိုင်း ရေတွက်မိခဲ့တယ်
ရေတွက်သူကြီး မဖြစ်ပဲ
ရယ်တတ်သူ တစ်ယောက်သာ ဖြစ်ခဲ့တယ်
ဟုတ်တယ်.... ကျွန်တော်လည်း
အငိုရင်ဘတ်နဲ့ ရယ်နေတတ်ခဲ့တာ....။

အစ်ကိုရေ ။။။ ဟိုးကောင်းကင်မှာ
အိပ်ရေးပျက် ကြယ်လေးတွေ
ကမ္ဘာမြေပေါ်
ဖြိုးဖြိုး ဖြောက်ဖြောက်ကြွေလို့...

သူလို ငါလို ကြယ်တွေကြား
တခြမ်းပဲ့ကြယ်လေး ......... ကျွန်တော်
အရောင်တွေစွန်းထင်းရင်း
မုန်တိုင်းအော်သံတဲ့......
အဲ့လောကဓံ ပင်လယ်မှာ
.....................................
ပြန်မတွေးလည်း
အခါးဒဏ်ရာတွေကျန်နေသေးတယ်။     ။

ဝေမှူးချို

Tuesday, March 8, 2011

Double-check







































Coffee လို့ ပြောလိုက်တာနဲ့
အဲဒီ ချစ်ခြင်းမေတ္တာ ကလည်း
မပါမဖြစ်ပါလာတယ်....။
ငွေ့ငွေ့လေးကျန်နေတဲ့ နွေးထွေးမှုရယ်....
သောက်လို့ မကုန်တဲ့ သံယောဇဉ်တွေရယ်။
ဟုတ်တယ်..
ချစ်ခြင်းမေတ္တာ ဆိုတာ
အဲဒီလို ...
ခါးစိမ့်စိမ့် အထိအတွေ့။။။။။။

Sunday, March 6, 2011

လမ်းလွဲ


အစကတည်းက
အဲဒီ လက်ကလေး တွဲဖို့
ငါကပဲ ဆန္ဒမဲ ပေးခဲ့တာပါ.......။

တည့်တည့်ကြီးကို လွဲနေတာပဲ တဲ့
ခံယူချက်တွေ တူမှ
အဓိပ္ပါယ်တွေ ညီမှ
ဘဝတွေ ထပ်တူမျှမှ
ဒီလမ်းကို ဆက်လျှောက်ရမှာလား။

ဟေ့အေး.....
ငါကလည်း ခေါင်းမာတဲ့သူ။

ပေးလိုက်တဲ့ အဖြူကို ငါယူလာတာ အမဲ
ဘာတဲ့...... ဟိုစကားပုံ
ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာ တဲ့
ငါလည်း သူရှေ့ရောက်ရင်
အလိုလို .......... ခေါင်းငုံ မျက်နှာလွှဲ။

................................... တာထက်
ကိုယ့်ကိုကိုယ် ဘာမှ မဟုတ်မှန်း
အသိပေးနေတာပါ.....။

လမ်းပေါ်က ခဲကို
အကြောင်းမဲ့ ကန်နေတာထက်
ပြောချင်တဲ့စကားလုံးတွေ ဖေါက်ခွဲ ပြစ်ချင်ခဲ့တာ........။

နည်းနည်းလောက် ရမယ်ဆိုရင်
ကဗျာတပုဒ်ကို ရင်ထဲထည့်ပီး
နင်ရှေ့မှာ ရဲဝံ့ချင်ခဲ့တာ...။

ဝေမှူးချို

Thursday, March 3, 2011

ဒါ .... အိမ်မက်တွေ


တစ်စုံတစ်ခုကို မုန်းဖို့ဆိုရင် သူကို ချစ်ခဲ့ဘူးတဲ့ အခံလေးရှိလို့ဖြစ်မယ် တဲ့

အနော်....အိမ်မက်တွေကို ချစ်ခဲ့ဘူးလား ။ ခုရော မုန်းနေပီလား ။
မသေချာပါဘူး....... 
ဒါပေသိ ခု လတ်တလောနေစဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့  ညတွေကိုတော့ မုန်းတယ်......
အသက်ရှုရတဲ့ လေကို၌က မလတ်ဆတ်ဘူး ပီး အနော့်အတွက်ဆို အပြည့်အဝ ရှုရှိုက်ခွင့်မပေးကြဘူး (ဒါ ... တဖက်သက်အမြင်လဲ ဖြစ်နိုင်ပါတယ်)
ဘယ်လောက်များပြီလဲ...... လန့်နိုးခဲ့တဲ့ ညတွေ ၊ အိမ်မက်တွေ.....
မွန်းကျပ်နေတဲ့ အခန်းထဲက ပြေးထွက်ဖို့ ဘယ်လိုအင်အားမျိုးမှ မွေးလို့မရခဲ့ဘူး။
ညတွေ ....... မွန်းကျပ်လိုက်တာ ..... အဲ့လို အချိန်တွေ လွန်မြောက်ဖို့ဆိုတာ.........

ဟိုးခပ်လှမ်းလှမ်းက အိမ်မက်တချို့မှာတော့ ညတွေက လှပခဲ့ဘူးတယ်.. ( ဒီနေရာမှာ.... သာယာတယ် ဆိုတဲ့စကားလုံး မသုံးချင်ဘူး)
ဘဝ မှာ တစ်ခါမှ Perfect ဆိုတဲ့ထိ မတောင်းဆိုပါဘူး
လုံခြုံတဲ့ နေရာလေး ၊ နွေးထွေး ဖေးကူတဲ့ လက်တစ်စုံ ၊ ပူပင်မှူတွေအတွက် နားတစ်စုံ....ဒီလောက်ဆိုရင်ပဲ ပြီးပြည့်စုံစေခဲ့တယ်..။

ဒါ...... အိမ်မက်တွေ
ဟုတ်ပါတယ် အိမ်မက်တွေပါပဲ....... ဒီအိမ်မက်တွေကို အနော်ချစ်ပါတယ်..
ဘာပဲဖြစ်ဖြစ် အိမ်မက်တွေကို ချစ်ခဲ့ဘူးတယ်..
ခင်ဗျားရော .. တခုခုကို ချစ်ဘူးလား ... ချစ်တယ် ဆိုတာထက် ဘယ်လိုပြောမလဲဗျာ..
အဲနေရာမှာ တခြားတစ်ခုခု အစားထိုးဖို့ မလွယ်တာမျိုးပေါ့ 
မြတ်နိုးတာလား 
အင်း အဲလောက်ထိ လေးလေးနက်နက်ပြောဖို့ရော.. အခွင့်အရေးရှိရဲ့လား..
အဓိပ္ပါယ် တိတိကျကျ ပြောပြဖို့ ခက်တယ်..........

ခုချိန်မှာတော့ ........ ဒီမျက်လုံးမှိတ်လိုက်ဖို့ တွေးတောင်မတွေးရဲတော့ဘူး..။
မွန်းကျပ်တဲ့လေတွေရှုရှိုက်ရင်း တရေးနိုးခဲ့တဲ့ညတွေ
အဲ့ညတွေထဲ ......... အိမ်မက်တချို့တဝက် အေးဆေးညင်သာ အိပ်စက်နေဖို့ ...
ကျွန်တော့်မှာ........နောက်ထပ်အိမ်မက်တွေ အစားထိုးဖိုဆိုတာ. ဘယ်လိုမှ.......

ဟုတ် ....
ဒါ အိမ်မက်တွေ


ဝေမှူးချို

**မချစ်တတ်တဲ့ ညများစွာအတွက်