Friday, January 28, 2011

ကောင်းကင်ပျောက်တဲ့ ကောင်

လက်ရှိအရောင်လေး အတိုင်း
ငါမှောင်နေတာပါ။
နင်ကိုပြောခဲ့တဲ့ စကားလုံးတွေမှာ
ဘာအရောင်မှ မဆိုးဖြစ်ဘူး။

အရင်နေ့က ......
ကမ္ဘာလည်တာလဲ ပိုမမြန်ခဲ့ပါဘူး ။

ဒါပေမယ့်
နင့်ကို ချစ်တဲ့ အချစ်ကတော့
အသစ်အတိုင်းပြန်ဖြစ်သွားပီ။။

ကောင်းကင်ပျောက်တဲ့ ကောင်
ဘာကိုမှ နောက်ထပ် မမှောင်ပါဘူး။



Wednesday, January 19, 2011

"အမှောင်ထဲက အလင်း"

ပိုးဟပ်တစ်ကောင်ရဲ.
ဈာပနလို
အခွံကြီးကျန်နေမယ် ဆိုတာ သိသိနဲ.ပဲ
ချပ်ပလက် စီးချင်တဲ. ဝေဒနာတွေလေ
ဒီကျိန်စာတွေကို
တလှည်.စီ နေ.ညခံစား
အချိန်ရာသီ ဆိုတာလည်း
ငါ.ခြေဖ၀ါး အောက်က ရာဘာဖိနပ်လို
တဖြေးဖြေး ပါးလာပြီပေါ. ................။ (အစ်ကို ဇေယျ)

အဲဒီဖိနပ်မှာ
ဘယ်သူ. အတွက်မှ
သနားဂရုဏာ မရှိဘူး
မျှော်လင်.ချက် မရှိဘူး
ဒါဟာ
သေနေတဲ. ခြေထောက်အတွက်တော.
ဈာပန ယဉ်တစ်ခု.............။ (ဝေမှုးချို)

လောကဓံ လှလှလေးတွေနဲ.
ကတ္တီပါ ကျော.ကျော.လေးတွေကို ကျော်ဖြတ်
အဖိုးတပ်ရင် နတ္ထိလို.ပဲဆိုဆို
ဘ၀ဒဏ် ရင်.ရင်.တွေနဲ.
အညစ်နွမ်းဆုံး တောက်ပပြမတဲ.
မာန်ကလည်း ၀င်.ခဲ.ပါသေးတယ် ...............။ (အစ်ကို ဇေယျ)

ဝေဒနာ ဆိုတာ
မွေးဖွားလာတဲ. အရာ
ဒုက္ခနဲ. တုန်.ပြန်ခြင်းတွေက
အပယ်ခံတွေ ရသင်.တဲ. ရယ်သံဆိုပဲ.....
ရိုးသားခြင်းတွေ လှေကားထောင်လဲ
ဒီအလင်းက တွေ.နိုင်ခဲတယ်.........။(ဝေမှုးချို)

ငါ့ရဲ့ ပုဂ္ဂလိက ဒိုင်ယာရီ စာမျက်နှာအစမှာ ......
တေးသွားသံ ခါးခါးတွေထားခဲ့တယ်....၊
မလိုအပ်တဲ့မေတ္တာတွေ လည်း .......
အဲ့အပေါ်မှာ အနှံ.အပြား ဖိတ်စင်လို့ ......
ဝန်တိုခြင်းကင်းတဲ့ ခြေသံတွေအတွက်....
ဒီစာကိုငါဆက်ရေးမယ်.............။ (အစ်ကို ဇေယျ)

ဘ၀ ဆီပြန်သွားကြည်.တော.
ပျောက်ကျသွားတဲ.ခြေရာတွေ ပြန်တွေ.တယ်
ကိုယ်နဲ. မတော်တဲ.ရင်ဘတ်မို. အတ္တတွေ စွဲချိတ်မိတယ်...........။
(ဝေမှုးချို)

ရင်ဘတ်တံခါး မပိတ်ထားမိဖို့ပဲလိုပါတယ်......
ည.... ည... အိပ်စက်တိုင်း
လျံကျလာတတ်တဲ့ မျှော်လင့်ချက်တွေ.........
မမြင်နိုင်တဲ့ အနာဂတ်အမှောင်ထဲ
........
တိုးးး.....တိုးးးးး...၀င်သွားမိမှာပဲစိုးတယ်............။ (အစ်ကို ဇေယျ)

အမှောင်ထဲက အလင်းတဲ.
မျော် လင်. ခြင်း ဆိုတာလည်း
ကိုယ် မပိုင်တဲ. အိမ်မက်ရှည်တွေ..........
နာခံ ခက်တဲ. စိတ်ဗလာ မှာ
အရိပ်ဆိုတာတွေ နေရာအပြည်.
ဒါပေမယ်. အတိတ်ဆိုတာ ...... ဖျက်တိုင်းမပျက်တဲ. စာမျက်နှာ။။။။။။။။။။။။ (ဝေမှုးချို)

Sunday, January 16, 2011

Nothing - 1


စိတ်ဓါတ်တွေ အထားအသိုမှားတဲ့ ည .......
မှောင် နေတဲ့ လမ်းလား
ငါ့ ခွန်အားနဲ့ တန်သလောက်
အလင်းတွေ ဖရိုဖရဲ ...... ဖိတ် စင် ထား တာပေါ့..။

ငါ့ အတွက် ........
မေတ္တာ ဆိုတာ
ငြမ်းစင်ထားတဲ့ ရင်ခွင်တစ်ခုပါ။

....................

တစစ်စစ်ကိုက်ခဲနေတဲ့ မျက်လုံးတွေအောက်
ရေပေါ်ဆီ အလွမ်းတွေနဲ့
ကိုယ့်ကိုကိုယ် ယိုဖိတ်မိတဲ့ ကောင်.....။
မ ဝံ့ မ ရဲ ဆန္ဒ တွေနဲ့
ဘာ ကို မှ နောက် ထပ် ထပ် မ မှောင် ချင် တာ အသေအချာ......

အခါးမကျန်အောင် တဲ့
သကာ ဆီလောင်းပြီး
ပြုံးပြတတ်တဲ့ ကောင်က
အားလုံးကို အစစ်အမှန်လိုချင်သေး သတဲ့

ပေးနိုင်သူတွေနဲ့ ဝေးပါစေ
ဒီလို အပြေးအလွှား ဆုတောင်းသံတွေကြား
ငါ ရှင် သန် လာ တာ လည်း ကြာခဲ့ပြီပေါ့။   ။