Tuesday, December 28, 2010

ပဲ.တင် ထပ်မှာပါ


ဟုတ်မှာပါ...
တခါတလေတော့ကောင်းကင်ရဲ့အော်သံက
ငါရင်ကို ပဲ့တင် ထပ်မှာပါ
ငါ...အဲလိုတွေ............
မမျှော်လင့်ကောင်း မျှော်လင့်မိတယ်

ဟော..
တိုးတိုးတိတ်တိတ်နဲ့
ငါ ......... အကုသိုလ်တွေ ယိုဖိတ်မိပြန်ပြီ.................။။

ဒီ ရာသီ အကုန်မှာ
အိပ်တန်းပြန်မယ့်
ငှက် ဘယ် ရင်ဘတ်မှ မနားဘူး

နံရံတွေ ရှိနေသေးရင်တော့
ဆန္ဒတွေ ပဲ့တင်ထပ်ကြတာပေါ့..

မင်္ဂလာပါ အိမ်မက်ရယ်..
တိုးတိုးတစ်မျိုး ကျယ်ကျယ် တစ်မျိုး
ငါ ဒီလိုလေး ရေရွတ်မိပြန်တယ်။။။။

နေရာလေးတစ်ခု



ငါ......
ထွက်သွားပြီးတော.
နောက်ထပ် ပြန်မလာနိုင်မည့် နေရာလေး

အမှတ်တရတွေ ချိတ်ဆွဲထားတယ်
ခါးသီးဒဏ်ရာဟောင်းတွေ ပိတ်လှောင်ထားတယ်
ဒေါသအရောင်တွေနဲ့
ရိုးသားမှုတွေဆာလောင်နေတဲ.နေရာလေးပါ

ချစ်သူ့ရဲ့
ရင်ဘတ်ထဲ ကို
သွန်ချမိတဲ့ အဆိပ်တွေ
ပြန်ဖေါက်ထုတ်လို့ မရတော့ဘူး

ဒါပေမယ့်
ငါဟာ
အရာရာ ပြောင်းလဲခွင်.ရှိသေးတယ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဝေမှူးချို
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ ဘာတွေးနေလည်းဆိုတော့



သူဟာ
လူ.လောကထဲကို ရောက်မလာသင်.ဘူး
ရောက်ပြီး
ဘာကိုမှလည်း မသိသင်.သေးဘူး။။

ကံကြမ္မာ
ပြုလုပ်ခဲ.တဲ. အမည်းစက်တွေရဲ.
အလီဘိုင်
ဇာတ်လိုက်
ယိုးမယ်ဖွဲ ပြစ်ချက်တို.ရဲ. လက်ညှိုးညွှန်ရာ
တာဝန်မကျေ မိဘတွေရဲ. ထည်လဲသုံးစကားလုံး။

သံသရာ
ပျော်စရာ မကောင်းဘူး
ခုရောက်တဲ. နေရာမှာပဲ ရပ်လိုက်
တစ်နေ.နေ.တော. တစ်ကိုပြန်ရောက်ရမယ်
ဒီထက် အမြင်. ပိုပြီးတော. မြင်.အောင်ရောက်ဖို.အတွက်
အံကြိတ်ပြီး တင်းခံ
ဒါဝဋ်ကြွေးတွေ အရင်းခံပြီး
ဒု က္ခ တွေနဲ. အကြေဆပ်နေတာ။။

ဒါ....
လောက ကပေးတဲ.
နစ်နာကြေး တဲ.လား
ငါတို.ရင်းထားတဲ. အနာတရ တွေမှာ
ရနေတဲ. ဒဏ်ရာတွေအတွက်
ကြေးကြီးကြီး ပေးထားတယ်။။။။။။။။။။။။

ကျွန်တော်.... ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်

ကျွန်တော်.... ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်
ဟိုးမှာ
ဖြတ်နင်းခဲ့တဲ့ အချိန်တွေ
ကြွင်းခဲ့တဲ့ စိတ်ဒဏ်ရာ
ရခဲ့တဲ့ လောက ဓမ္မ တွေများ
နောက်ထပ် .......
ပြန်
တွေ့
နိုင်
အုံး
မလား။

ကျွန်တော် ကြယ်တွေ ထိုင်ကြည့်ရအုံးမယ်
အထားအသို မှားထားတဲ့ အဓိပ္ပါယ်တွေ
ကိုယ်တိုင် ရုပ် နာမ် မကွဲသေးသမျှ
ကံကြမ္မာကပဲ
ပွဲတော် တည် သွား မ လား။

ကြယ်ကြွေ ဆုတောင်း တဲ့
မတောင်းတိုင်း ပြည်.နေတဲ. ဆုတွေ အကြောင်း
ပြန်မပြောချင်လောက်အောင်ကို
မုန်းတယ်။

ကျွန်တော် ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်

လရောင်မှာ
အေးမြ ကြည့်တယ်။
စိတ်ရဲ. ပြတင်းဝကို
သပ်သပ်ရပ်ရပ်ပိတ်မထားနိုင်တော.လည်း
အလင်းတွေ လျှံဖိတ်ကုန်တယ်
(ဘ၀ ပေါ် အနှံအပြား
လွင့်
စင်
ကြေ
ကွဲ
လို့)
အဲဒီ အလင်းတွေ

ဘာ ပဲ ပြော ပြော
ကျွန်တော်တို့ ကြယ်တွေ ထိုင်ကြည့်ရအုံးမယ်
ကြယ်ကြွေတွေ ထိုင်ကြည့်ရအုံးမယ်
ကျွန်တော်တို.
...................................
။။။။။။။။။။။

Friday, December 24, 2010

Lonely




















ငါ့အနားမှာ...............
လှိုင်း ရိုက်သံ တွေလား လှိုင်းရှိုက်သံ တွေလား
အဲ့ဒီ တေးသွားအဆုံးထိ  ငါ ဆိုတာ
ရှိ  နေ ပါ့ အုံး မ လားးးးးးးးးး။

နောက်ကိုပြန်လှည့်ကြည့်မိတိုင်းး
ခါးသက်သက် အပြုံးတွေ
သက်တန်းရင့် ကျောက်ဆောင်တွေ
မွန်းကျပ်နေတဲ့ ရယ်သံတွေ
ခံနိုင်ရည်ဆိုတာ........
@..............................။

ရပ်တည်မှု တစွန်းတစ က
နွယ်တပင်လို...
ငါ ဆိုတာ သူ့အတွက် တွယ်မှီစရာ...........

အမှောင်အမိုက် ည.......
သူ့ တေးသွားနဲ့သူ
'က' ပြသွားရှာတယ်...............။။။။။။။။။။။။။။။။။။။။။။။။။။

Sunday, December 19, 2010

တခြမ်းပဲ့ ကြယ်လေး။။။


လူတွေ အတွက်တော့
ကြယ်ဆိုတာ ကောင်းကင်ရေးတဲ့ ပုံပြင်ပါပဲ။


တခြမ်းပဲ့နေတဲ့ ကြယ်လေး
ဟိုးအဝေးမှာ................
ခပ်ဖြေးဖြေးလေးထွန်းလင်းလို့.....


လင်းတခါ မှိန်တလှည့်

ကောင်းကင် ဇတ်ကွက်တွေထဲ
ရီတစ်ခါ ငိုတလှည့်……….
မဗေဒါဇတ်ကွက်ထဲ မျောခဲ့တယ်..။



ကြယ်ဆိုတာ ကောင်းကင်ရေးတဲပုံပြင်ပါပဲ
မှီတွယ်ချင်တဲ့ အတွေးတွေ အဝေး
ခပ်ဖြေးဖြေးလေး ထွန်းလင်းချင်လို့……….။။။။။။

Tuesday, December 14, 2010

??? ကဗျာ (၂)

မိတ်ဆွေရေ------- မိုးပြိုတဲ.နေ.တွေမှာ နေမသာဘူးပေါ့ဗျာ.......

ထားလိုက်ပါ
ဘ၀ပြိုတောင်

ကျုပ်က
လှည်.ကြည်.မဲ.ကောင်မှ မဟုတ်တာ...........

ကျုပ်က
ချစ်ရအောင်လဲ
ဘ၀တစ်ခုလုံး

မုသားတွေ က ဖုန်ထောင်းထောင်းထအောင်နံတယ်လေ။

တော်ပါပြီဗျာ......
ဒီဘ၀ ............ အရင်းတောင် ပြန်မရလောက်အောင်
လှလွန်းလှတယ်။

သူငယ်ချင်းရေ ........


နင်နဲ.ငါ သိခဲ.ကြတယ်
နာမည် .....စိတ်ရင်း ငါတို.နှစ်ယောက်ရဲ.ကောင်းခြင်း ဆိုးခြင်းတွေ....
လဲလှယ်ဝတ်ဆင်
ဒါ.............တဒင်္ဂပေမယ်.
သူငယ်ချင်းရေ
ထာဝရဆိုတာ သိနေကြတာပဲ။
ဘာမှ မရှိတဲ. အခွံဗလာတွေကိုမှ
သောကတွေ လောဘတွေနဲ. ပြဌာန်း။။
ဝမရှိပဲ ၀ိလုပ်ထားတဲ.

ကုသိုလ်တွေ ခ၀ါချ
ဒါ..................................
ငါတို. ရင်ဆိုင်နေတဲ. ဘ၀တဲ.လား သူငယ်ချင်း ။။။။။။။။။။။

သူငယ်ချင်းရေ ........အားတင်းထားပါ
မျက်ကန်းတွေရဲ. လမ်းမှာ
ခေါက်ရိုးကျိုး မုန်တိုင်းတွေကသာ သူတို.ရဲ. နားခိုရာ.............။

.........ဈာပန........

.............. ရင်ကိုကန်နေကြပြီ
နလန်မထူနိုင်စရာ အဲ ရယ်သံတွေ
ရယ်သံတွေ ........
ရယ်သံတွေ .........
မင်းကိုယ်တိုင် နားဆင်နေမှတော.
ငါ ဘာတွေထပ်ပြောရအုံးမလဲ ..။

ခုလို
သေလုမျောပါးနှတ်ဆက်သံတွေက
မင်းတို သရုပ်ဆောင်ဖို. ဇတ်လမ်းဇတ်ကွက်တခုလားကွာ။။
အသွေးအသားတွေက
ကြိုးတန်းမှာတဖျတ်ဖျတ်.............။

ဒါလား ရင်နဲ.ရင်းထားတဲ. ကဗျာ
ကောင်းကင်လက်နဲ. မလှမ်းခဲ.ပဲ
အဆိပ်တွေ ရွာချကြတယ်...။

ဒါ
လေရိုင်းတွေသွေးပျက်ဖို...
စောင်.နေတဲ.ရာသီ ပါ..။
ယုံကြည်ထားတဲ. ခံစစ်တခု
ဆန္ဒနဲ. ပစ်ပေါက်ကြည်.တာ ဖြစ်ပါစေ။

အဝေးဆုံးဆိုတာသိတဲ.အချိန် မှာ
........ ဈာပနဟာ
မြေခခဲ.ပြီးပြီ။။

အရင်လိုပြန်ရနိုင်ပါ.မလား။။။။။။။။။


@@@@@@@@@@@@@@@@@@

တစုံတခုအတွက် ရည်ရွယ်ပြီးရေးတာပါ။
လွဲချော်မှုတွေ တည်.သွားခဲ.သည်ရှိသော်.....................

စေတနာ ရောင်ပြန်ဟပ်မှာပါ။။။။။။။။

ယဉ်ကျေးမှု

သွားလိုက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ် ......
ဒါ လမ်းခွဲခါနီး နှုတ်ဆက်နေကြ
လူ့ ယဉ်ကျေးမှု တခု....။

ဟုတ်ကဲ့ နောက်ကြုံရင်လည်း ဝင်လည်နော်
ဒီလိုပြောလိုက်ရတာကိုက ရင်ထဲမှာ .......ဗလာ။

သွားတော့မယ်ဆိုမှ တော့
ပြန်မလာချင်တော့ဘူး
လူ့ယဉ်ကျေးမှုလဲ မလိုအပ်ချင်ဘူးးးးးးး

တိမ်တွေဖုံးတိုင်း လမသာတာကတော့ သဘာဝပေါ့ ။

ယတြာ********

အဖြေတွေ ရင်ထဲရှိပေမယ်..
မေးခွန်းတွေ ဆွံအ နေတာ ဘာကြောင်.လဲ?
...............................။

အမေးမတက်တာလား
အဖြေခက်နေတာလား။။။

အထိတ်တလန်. အုံဆိုင်းပေးတတ်တာ မှန်ပါတယ်
ခက်နေတာ ယတြာအပေးမှားတာ။။။။။။။။။။

ဝေးဝေး """""""""""''

လွဲချော ဆိုက်ကပ်ခဲ.သမျှ
အဲဒီနေ့လေး တစ်နေ့ပေါ.......။


ကံကောင်းခြင်းမိုးတိမ်တွေ
ရွာကျနေတာများ
ရွှဲရွှဲစိုအောင်လှခဲ့ဘူးတယ်


"ညီမလေး" တဲ.
ခေါ်သံတွေမှာ ဘာသာပြန်ပေးဖို့ မလိုခဲ့ဘူး

ငါတို. ......
မျက်ရည်တွေ

ထပ်တူ မျှခဲ့တယ်..
ရင်းနှီးမှူတွေ ရေရာစေခဲ့တယ်။

မင်း .... ပြုံးပြချိန်တွေမှာ
ထင်ကျန်ခဲ့တဲ့ အနာဟောင်းတွေ
နောက်ထပ် လန့်နိုး မလာစေခဲ့ဘူး။။

ခုလေ
မဆုံနိုင်သေးတာ သေချာရင်

ငါတို့တွေ....
ဝေးဝေး နေကြရအောင်ဟာ နော်။။။။။။။။။။။။။။။။။။။။။။။။။။။။

"လတ်တလော နေထိုင်မှု"

အရေးတကြီး မလိုအပ်ခဲ.ဘူး ..... ဆိုရင်ပေါ.
ဒီလမ်းကိုလည်း ဆက်မလျောက်ချင်ဘူး
ဒီလို အတွေးတွေနဲ့လည်း
ဒီ ရင်ဘတ်အတွက်
လှေကား မထောင်ချင်တော့ဘူး။


လမ်းဆိုတာ ခြေထောက်ပါမှ မဟုတ်ပါဘူး

ငါကတော့ ရင်ဘတ်နဲ့ တွေးတယ်

နှလုံးသားနဲ့ခံစား... စိတ်စေရာ လမ်းသလားခဲ့လို့လား ..........?

ဒါနဲ့
ခရီးဆုံးတိုင်း ရွာတွေ လွန်ပေါင်းလည်း များပြီ
အမှတ်ပဲ မရှိတာလား
ငါကပဲ အမှတ်မထားတာလား...........။


ငါဆိုတာ ........
ငါ့အတွက် မဟုတ်ခဲ့ဘူး
အရေးတကြီးမလိုအပ်ခဲ့ဘူးဆိုရင်ပေါ့
ငါ ဆိုတာလည်း
ငါ့ အတွက် မလိုအပ်ချင်တော့ဘူး။။။။

Monday, December 13, 2010

နှစ်ပတ်လည် အတွေး

ဘဝပေါ်
စိတ်ကူးတွေ နင် လာတိုင်း
ပျော်ရွှင်မှု ဆိုတာ
တခါတရံမှ နတ်သက်ကြွေတတ်တယ်။

ရာသီဆိုးနဲမို.
ကိုယ်ကပဲ အငြိုးခံရသလား
အပြုးတွေရှားပါးလွန်းတာက
ငါ ကိုယ်တိုင်ရဲ. ဝေဒနာ………။

စိတ်ထဲ ထည့်မထားပေမယ်.
ရင်ထဲရောက်လာတတ်တဲ့ မုန်တိုင်း
………………………
ဒီလိုပါပဲ
ငါ့ အလေ့အထကိုက
ပြန်အန် မချတတ်ခဲ့ဘူးလေ။

Sunday, December 12, 2010

မွေးနေ.

ပုခုံးနှစ်ဘက်ကြားက
ခေါင်းတလုံးနဲ့
`လူ´လို့အမည်တပ်ခွင်.ရအောင်
မွေးခဲ့တဲ့အမေကို မမေ့သလို
ကမ္ဘာမြေပေါ်
ခြေချခွင့် ပါမစ်လေးပေးခဲ့တဲ့ အဖေ့ကိုလည်း
ချန်မထားခဲ့တဲ့နေ့လေး တစ်နေ့ပါ။။။။။

Thursday, December 9, 2010

Coffee!!!&Me

အချစ်
ဆိုင်မှာ မှာ
သောက်ရတဲ. ကော်ဖီမစ်လိုပဲ
အခွံကြီးပဲပြုံးပြတယ်
ထုံးတမ်းစဉ်လာတွေ ချတိုက်တယ်...
စိတ်မကြည်ရင် စားပွဲထိုး အဟောက်ခံရတယ်
ပြီး............. တန်ရာတန်ကြေးဆိုတဲ. ပုဒ်မကြီးတပ်ပြီး
ရင်ဘတ်ထဲက ရှိတာတွေ ပေးခဲ.ရသေးတယ်
လာသောက်သူအတွက် တဘက်သက်ဆန်တယ်။။။။။။။။။

မေတ္တာ
အမေဖျော်တိုက်တဲ. ကော်ဖီလိုပဲ
လိုအပ်တဲ. အချိန်အသင်.ရှိပေးတယ်
ခံစား နွေးထွေးမှုတွေ ပါတယ်
တဘက်လူအတွက် ပျော်ရွှင်ကြည်နူးမှူတွေ ပေးချင်တယ်
အပေးအယူ ကိစ္စမပါ ရိုးရှင်းတယ်။
နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာ ကြည်နူးတယ်။။။။။

"အရေးပေါ် လူနာ"

@လောကကြီးကတော့ ဗလာ တဲ.
ထည့်သွားသူတွေများတော့
သူ့ရင်ဘတ်လဲ အရောင်တွေစုံလို့။။
တချို့ကတော့ ပြောကြတယ်
အရောင်အသွေးစုံတော့ မင်း ပိုလှလာတာပေါ့တဲ.။


@လောကကြီးက မှန်လို
ထင်ဟပ်လာတဲ့ အတိုင်းတန်ပြန်ဆက်ဆံလိုက်တယ်တဲ.
သူ့ရင်ဘတ်လဲ ပုံရိပ်ယောင်တွေစုံလို့
တချိုကတော့ပြောတယ်
ပြဒါး မပါတဲ့ မှန်မို့
သူ့ရင်ဘတ်ကို မြင်ရမတဲ့

လောက@ဘာပဲပြောပြော သူက ခုဆို အရေးပေါ်လူနာ

"သူ့အလိုလို"

မျက်ဝန်းတွေက

စကားအတင်အချတွေနဲ.

အဘိဓါန်ကျေသလား

ဝိနည်းလွတ် အပြုံးလေးတွေက

တကယ်ဆို

ခံရခက်တဲ့ ဝေဒနာ။။


ဘာမှ မတွေးသလို

ဘာမှလဲ ခေါင်းထဲ မထည်.ဖြစ်ဘူး

…. ရင်ထဲ ရောက်နေတာကတော့

သူ့အလိုလို……..ပါ.။