Tuesday, October 30, 2012

(ကော်ဖီဆိုင် အမိုးစွန်းအောက် နေညိုညို အတွေးများ...)


နာကျင်နေတုန်းပဲ လား ။
ခင်ဗျားသိပ် နာကျင် ခဲ့မှာ ။
ခင်ဗျား နာကျင်မှုတွေ မသေဆုံးသေးဘူးဆိုလား ။

ဒီလိုပါ
ယုံကြည်မှု တွေ နယ် မြေ ခြား ခံ ရတဲ့ ဇတ်သိမ်းတစ်ခုမှာ
နှစ်ဦး နှစ်ဘက် နာကျင်သံတွေ ' ညံ ' ရတာပါပဲ ။

အ သက် ရှု သံ တွေ မှာ
ကိုယ့် ကို အား ကိုး တ ကြီး မော် ကြည့်  နေ တဲ့ မျက်ဝန်းတစ်စုံ သာ မရှိခဲ့ရင်
ဒီလောကကြီးကို ကျောခိုင်းသွားတာ ကြာပါပီ.....။

မျက်ရည်ဟာ အမှန်တရားလား .....။
ကိုယ့် အသက်ရှုသံတွေက သိပ် ခါး သီး တဲ့ နောက်
ဘာကိုမှ မလိုချင်တော့တာ တ ရား ပါ ရဲ့လား............။

အနီရောင်လှိုင်းတွေ ကြား မှာ
အနုပညာရှင်တစ်ယောက်ရဲ့ နာရေးသတင်းကို ရှာပါရစေ ။


ကိုယ်တို့ ထိုင်နေကြ ကော်ဖီဆိုင် အမိုးစွန်းအောက်မှာ နေညိုညို အတွေးတွေရှိတယ် ။
ပရီးမီးယား တံဆိပ် အက်ပရက်စို ပလိန်း၂ခွက်ရယ် ..ဇွန်းတပ် ခဲ့ မောင်လေး
ရူဘီ တပွဲ .... မိုးစပါယ် နေကြာစေ့တစ်ထုတ် .
ခါးသီးစရာအမြင်တွေ ဖလှယ်
ဖြစ်တည်မှုတွေအပေါ် ဖြေသိမ့်
ဘ၀အပေါ် ကျေနပ်နှစ်သိမ့်တဲ့ ညနေတွေ
ကုန်ခဲ့ပြီ..........။

ခါးသီးစရာအမြင်တွေ ဖလှယ်ရင်း................
ဖြစ်တည်မှုတွေအပေါ် ကျေနပ်နှစ်သိမ့်တက်လာ။
(ကော်ဖီဆိုင် အမိုးစွန်းအောက် နေညိုညို အတွေးများ...)

တခါတလေမှာ
မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းက
စွန့်လွှတ်ရခြင်းထက် ပိုပြီးနာကျင်ဖို့ ကောင်းပါတယ်..
စွန့်လွှတ်သင့်တဲ့ အချိန် ရောက်တဲ့ အခါမှာပေါ့

ဝေမှုးချို

ဘ၀ ဟာ ........... နာ လေ ရီ လေ နာ ရီ ပါ ပဲ ။

ကျွန်နော်ရဲ့ ကဗျာ တစ်ခြမ်းဟာ ခင်ဗျားပါ
P L E A S E …… ကျေးဇူးပြုပြီး တိတ်တိတ် နေ ။
ကျွန်နော့် စိတ်တွေ ဖိတ်ကျတဲ့ အရပ် ဟာ ခင်ဗျား ဖြစ်တယ်။
ခင်ဗျား ….
ချန်ရစ်ခဲ့တဲ့ နေရာဟာ ကဗျာမရှိတော့အောင် မှောင်မိပါတယ် ။

အမုန်း
အမုန်းဟာ ပျိုးပင် တစ်ချို့ကို သေ စေ နိုင်တယ် ဆို ..
အလွမ်း
အလွမ်း ဟာ ရောဂါပဲ လို့ ခင်ဗျား ခဏ ခဏ ရေရွှတ်ကြည့်ပေါ့ ။
ချစ်ခြင်း
ကျွန် .. နော့် .. မှာ လောင်ကျွမ်းပြီးစ မီးစာ အပြင် ဘာမှ မကျန်ခဲ့တော့ပါဘူး ..။

အိမ် အပြင်မှာ ~ မိုး တွေ ~ ခင်ဗျားမသိအောင်ရွာနေရတယ်။
အိမ် အပြင် မှာ ~ မျက်ရည်တွေ ~ ခင်ဗျားမသိအောာင် ရွာနေရတယ်။
တစ်စုံတစ်ခုဟာ မိုးတွေချန်ခဲ့တာလား
တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်အတွက် မိုးတွေကျန်ခဲ့တာလား
ပုံပြင်ထဲမှာ …
ကမ္ဘာကြီးကို အလျော့မပေးဖို့ ခင်ဗျား လက်ကို တွဲခဲ့တယ် ….
ပုံပြင်ထဲမှာ …..
ခင်ဗျား လက်ကို တွဲခဲ့ လို့ ကမ္ဘာကြီးကို ထားခဲ့ရတယ် ။  ။
ရှင်ကွဲ  - နှစ်ဦး နှစ်ဘက် အရှုံးတွေနဲ့ နယ်ချဲ့  ခဲ့  တဲ့  အရပ်ပေါ့
ကျွန်နော့် ကမ္ဘာတစ်ဘက်ခြမ်းမှာ ခင် ဗျား မသိအောင် မှောင်ရတယ် ။
ကျွန်နော့် ကမ္ဘာတစ်ဘက်ခြမ်းမှာ က ဗျာ မသိအောင် မှောင်ရတယ် …။
။ ချ စ်ြ ခ င်း ေ မ တ ၱ  ာ ဟ ာ အ ရ ႊ ဲ ႕  အ ေ စ ာ င်း များ နဲ့  က ဗျာ ။
ဘ၀ ဟာ ........... နာ လေ ရီ လေ နာ ရီ ပါ ပဲ ။

w a i m h u c h o
8/11/2012