Tuesday, October 30, 2012

(ကော်ဖီဆိုင် အမိုးစွန်းအောက် နေညိုညို အတွေးများ...)


နာကျင်နေတုန်းပဲ လား ။
ခင်ဗျားသိပ် နာကျင် ခဲ့မှာ ။
ခင်ဗျား နာကျင်မှုတွေ မသေဆုံးသေးဘူးဆိုလား ။

ဒီလိုပါ
ယုံကြည်မှု တွေ နယ် မြေ ခြား ခံ ရတဲ့ ဇတ်သိမ်းတစ်ခုမှာ
နှစ်ဦး နှစ်ဘက် နာကျင်သံတွေ ' ညံ ' ရတာပါပဲ ။

အ သက် ရှု သံ တွေ မှာ
ကိုယ့် ကို အား ကိုး တ ကြီး မော် ကြည့်  နေ တဲ့ မျက်ဝန်းတစ်စုံ သာ မရှိခဲ့ရင်
ဒီလောကကြီးကို ကျောခိုင်းသွားတာ ကြာပါပီ.....။

မျက်ရည်ဟာ အမှန်တရားလား .....။
ကိုယ့် အသက်ရှုသံတွေက သိပ် ခါး သီး တဲ့ နောက်
ဘာကိုမှ မလိုချင်တော့တာ တ ရား ပါ ရဲ့လား............။

အနီရောင်လှိုင်းတွေ ကြား မှာ
အနုပညာရှင်တစ်ယောက်ရဲ့ နာရေးသတင်းကို ရှာပါရစေ ။


ကိုယ်တို့ ထိုင်နေကြ ကော်ဖီဆိုင် အမိုးစွန်းအောက်မှာ နေညိုညို အတွေးတွေရှိတယ် ။
ပရီးမီးယား တံဆိပ် အက်ပရက်စို ပလိန်း၂ခွက်ရယ် ..ဇွန်းတပ် ခဲ့ မောင်လေး
ရူဘီ တပွဲ .... မိုးစပါယ် နေကြာစေ့တစ်ထုတ် .
ခါးသီးစရာအမြင်တွေ ဖလှယ်
ဖြစ်တည်မှုတွေအပေါ် ဖြေသိမ့်
ဘ၀အပေါ် ကျေနပ်နှစ်သိမ့်တဲ့ ညနေတွေ
ကုန်ခဲ့ပြီ..........။

ခါးသီးစရာအမြင်တွေ ဖလှယ်ရင်း................
ဖြစ်တည်မှုတွေအပေါ် ကျေနပ်နှစ်သိမ့်တက်လာ။
(ကော်ဖီဆိုင် အမိုးစွန်းအောက် နေညိုညို အတွေးများ...)

တခါတလေမှာ
မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းက
စွန့်လွှတ်ရခြင်းထက် ပိုပြီးနာကျင်ဖို့ ကောင်းပါတယ်..
စွန့်လွှတ်သင့်တဲ့ အချိန် ရောက်တဲ့ အခါမှာပေါ့

ဝေမှုးချို

No comments:

Post a Comment