Friday, July 1, 2011

"ဆူး" @ ..........



ဓါးနဲ့ လား
ပုဆိန်နဲ့လား
နာကျင်ရတာခြင်းတော့ တူမယ်...။

တနင့်နင့် စိုက်ဝင်နေတာ
တထင့်ထင့် ထိုင်ကြည့်နေတာထက်စာရင်..
နာကျင်ကြည့်တာ ပိုကောင်းမလားလို့ပါ..........။

ဝေမှူးချို

ဆူး



ဒဏ်ရာတွေ နာစရာတွေ
နင့်နင့်ပါအောင် ကျန်ခဲ့ပါစေ
နောက်လှည့် မကြည့်ပါနဲ့
နင်.......ပင်ပန်းပါတယ်။

ဝေမှူးချို

2011 July 01

သို့ဖြစ်စေကာမူ...........။ ။

ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ
ခနခန လာလာ မရှုပ်နဲ့.....။

ငါ့ ဇတ်ရုပ်နဲ့ ငါ "က"နေတာ
ဒီပွဲမှာ
အမြင်မတော်သူတွေထုတ်ဖို့
ဒိုင်လူကြီးတွေ ငုတ်တုတ်ထိုင်နေတယ်..။

မင်းဘာလုပ်မှာလဲ မမေးနဲ

ငါ ဘာလုပ်နေလည်း အရင်တွေး။

ခင် ဗျား အတွက်

မေးခွန်းတွေ ........... ဝေးနေသလား

ထိုင်နေတဲ့သူ အပျင်းထူတတ်တယ်လေ။

ထသွားမှ ကျိုးမှန်းသိတဲ့ ............

အဲ့စကားလုံး

ဒီခေတ်လည်း အသုံးဝင်သေးတယ်။။

သို့ဖြစ်စေကာမူ
...................................။


ဝေမှူးချို
၂၀၁၁ ဇွန် ၃၀

ဒီရက်ပိုင်းအတွေးလေးပါ....... တွေးသမျှ လိုက်မလုပ်နိုင်တဲ့အခါ... တွေ့သမျှကို ထွေးမထုတ်နိုင်တဲ့အခါ....  မြင်သမျှကို ပြန်မပြောနိုင်တဲ့အခါ အကြောင်းပြချက်ကောင်းလေးတွေ လိုအပ်ကြမယ်ထင်ပါတယ်

Coffee & Me (II)





ဖျော်ပေးသူ မဲ့ နေတဲ့ ကော်ဖီခွက် ......
ဟိုးတုန်းကတော့ အသက်မဲ့နေသလိုပါပဲ...
ခုတော့လည်း
အစိမ်းရောင်တွေနဲ့နေသားတကျ ...
ကြင်နာ နွေးထွေးမှုဆိုတာ
တကယ်တော့ ဧည့်သည်ပါပဲ ..။

ဝေမှူးချို

ဘေဘီ ရိုဘော့

ဘဝက ဗလာပါဆိုမှ
ဒီ .... အနိဋ္ဌာရုံတွေ လာလာ စားနေတယ်
ကဲ ပြော
ဘယ်သူ့အတွက် ငိုပေးမရမလဲ။။။

သူမှ .... မခံစားရတာ
သူမှ .... မဖြစ်တာ
သူမှ ..........
စက်ရုပ်
ကဲ.........ပြော
ငါ
ဘယ်သူ့အတွက် ငိုပေးရမလည်း..။

ခံစားချက်မဲ့တယ်ဆိုတာ
လူအမြင်သာဆိုးဝါးတာ
စိတ်မြင်ကွင်းက
.×.@.×.@.×@..&@ ..........တာ ။    ။

ဗလာ.........။

ဝေမှူးချို

Outsider...........

အဟက် .........
သူ.... ကျွန်နော့်
ရိုးသားမှုကို မြိုချပီး
မာယာတွေနဲ့
ကျွန်တော်ကို ..........  ပြုံးပြနေတယ်။      ။

မရီချင်လည်း ပြုံးပြမနေပါနဲ့.........
ခင်ဗျား ဟာသက .....
ငိုရတယ်......။       ။

ဝေမှူးချို
၂၀၁၁ ဇွန် ၂၄

၅၂၈




ဇွန် ၂၃

***သမီး နေကောင်းရဲ့လားတဲ့
***
လူမှန်းသိတက်စကတည်းက.. အဖေဆီက တခါမှ မကြားခဲ့ဘူးဘူး။
ကြားခါစက... တော်တော်အံ့သြသွားတယ်......။

အိမ်ကနေ အဝေးကို နှစ်ချီပီး ထွက်သွားဘူးတယ် ( ၄နှစ် လောက်ရှိမယ်)
အဲဒီတုန်းက ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို အဖေသဘောမကျလို့ထင်တာပဲ .. အိမ်ကို ဖုန်းဆက်ရင်တောင် အဖေ လာ မကိုင်ဘူး။
အဖေ့အတွက် ရည်ရွယ်ပီး ပို့ခဲ့တဲ့ပစ္စည်း အဖေ မထိခဲ့ဘူး..။
မိဘရင်ကို စုန်ကန်လို့အားရတော့  အသိုက်ကိုပြန်လာတဲ့အခါ ... ပါးစပ်က အဖေထုတ်မပြောပေမယ့်
ဝမ်းနည်းတဝက် ဝမ်းသာတဝက် .... အဖေပြုံးနေခဲ့တယ်..။
အဖေက သူမေတ္တာ..သူချစ်တာကို မျိုသိပ်တာလား... ထုတ်မပြတတ်တာလား...။
တစ်ခါတလေ ဖေဖေစကားမပြောတိုင်း .. နွေးထွေးမှု မရှိဘူးလိုထင်တိုင်း
 အမေကိုပြောမိတယ် ..ဖေဖေက အနော်ကိုဆို မချစ်ပါဘူးလို့
ငယ်တုန်းကတော့ အချစ်ဆုံးပေါ့...။ ခု တော့ မချစ်ဆုံးဖြစ်နေပီလို့..လေ။။
ဘာပဲပြောပြော ဒီနေ့ ဖေဖေဆီက... နွေးထွေးမှုလေးပြန်ရှာတွေ့တယ်...။

"ကိုယ်မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်စုံမယ်မထင်ပါဘူး"

ဒါပေမယ် ဖေဖေရယ် ကျွန်နော်ကောင်းကင်က မှောင်လွန်းတယ်




ဝေမှူးချို