Tuesday, October 24, 2017

စိတ် ကင်ဆာ

ပျော်ရွှင်မှုလား
နာကျင်ခဲ့ရတာတွေလား
အံကျိတ်ရင်း သွေးစိမ်းရှင်ရှင်ကျရတဲ့အချိန်တွေလား။

အတိတ်ကံဝဋ်ကြွေးလို့ ငါဖြေသိမ့်ရတိုင်း
ဒီအနာက လူမသိသူမသိ ငါကိုင်တိုင် မသိအောင် နာ တယ်
ပျော်ရွှင်မှုဆိုတာ သေသပ်လှပတဲ့ မြစ်ပွားနာ
စိတ် ဟာ လှိုက်စားလွယ် ထိခိုက်လွယ် ။


ဝေမှူးချို

စိတ္တဇ


ညာဘက် လက်ကောက်ဝတ် ဆီက
ပြတ် ရှ ဒဏ်ရာများ
စိတ်ဟာ အလင်းကို ကန်းခဲ့တာ သေချာတယ်
အိပ်စက်ခြင်းဟာ ဆေးလုံး ဝါဝါလေးတွေ။


ဝေမှူးချို

စိတ်ကျ အလင်းဆိုင်

ဘယ်လိုစိတ်နဲ့ ရှင်သန်နေထိုင်ရပါသလည်း
 ပျော်စရာဟာ ရှာဖွေစရာမလိုတဲ့ ဓမ္မ လား / အဓမ္မလား
ချစ်ခြင်းဖွဲ့စိတ်ဓါတ်တွေကရော ရောင်းတန်းဝင်ပါရဲ့လား ။

တခုခုပေးဖို့ တခုခုဆိုတာ မျှော်လင့်စရာ ထုတ်ကုန်ပစ္စည်း သာသာ
အေးစက်စက် ကော်ဖီခွက်မှာ အိမ်ဆိုတဲ့အတွေးတွေ ပြည့်သိပ်နွေးထွေး။

မရေတွက်နိုင်တော့တဲ့ ဖန်ခွက်လွတ်တွေကပြောတယ်
မျိုသိပ်ကြေကွဲရသူတိုင်းအတွက်တော့ အိမ်မက်တိုင်းက ခါးတယ်ဆိုပဲ
နာကျင်သူရဲ့ ကြေကွဲခြင်းဒဿန မှာ

ကြယ်ရောင် လရောင် ကန်းတယ် ။

 ဝေမှူးချို
17/5/2015

Friday, March 7, 2014

အမှန်တွေဟာ အမှားရဲ့ နောက် ကွယ်မှာ ..................။

အထူအပါးမတူတဲ့ မှန်နံရံလို့
"ကိုယ်ဟာ ဘ၀ပီး ရင် ဘ၀ ဆိုတဲ့ စိတ်နဲ့ ရှုမှတ်ခဲ့တာပါပဲ ။ "

၁၀ နှစ်အရွယ် .........
ဘ၀ဟာ ကျကွဲသွားတဲ့
ကျကွဲသွားရတဲ့
ကျနော်ရဲ့ အမွန်အမြတ်ဆုံးသော စုဗူး လေး ပေါ့ ...
ဘ၀ဆိုတာ ...၁၀တန် ကနေ ၉၀ကျပ်တန် အိမ်မက်တွေ မြေခသွားတဲ့ ပျော်၇ွှင်မှု ။

၁၆ နှစ်အရွယ် .............
ဘ၀ဆိုတာ ဘာညာ ဘာညာပေါ့ .....
ကျနော်တို့  ကျောင်းခန်းထဲက ကြိမ်လုံးသံလေး
ဘ၀ကို ဘ၀မှန်း သိအောင် ရင် မခုန်တတ်သေးတဲ့ အချိန် ..
ပျော်ပွဲရွှင်ပွဲတွေနဲ့ ကိုယ့်ကိုကိုယ် လူရာသွင်းတမ်းကစားဖူးတဲ့ ပျော်ရွှင်မှု ။

၂၀ကျော် အစိတ် (၂၅) စွန်း
တစိတ်ကို တအိတ်လုပ် လို့
နာကျင်စရာတွေ မွေးမြူ ....
အိမ်မက်ဟာ မြောက်အရပ်က တိုက်ခတ်တဲ့ လေ ပြေ လေ အေး
ဒီတော့ ...... ဘ၀ဆို တာ မိုက် ရူးရဲ ဆန် တမ်း ကစားချင်တဲ့ ပျော်ရွှင်မှု  ။

၂၇ ... ၂၈
ဘ၀ အဖြစ်သနစ် တော်တော် စုံလို့
ကံ ဆိုတာ
သိပ်ကို သေချာတဲ့ အလီဘိုင်မှန်း သိလာရတဲ့ အချိန်။
ဘ၀ဟာ အချစ်
ဘ၀ဟာ မေတ္တာ
ဘ၀ဟာ မိသားစု  .............
မှတ်တမ်း မှတ်ရာ သတင်းအချက်အလက် အပြည့် အစုံနဲ့ 
ဘ၀ဆိုတာ ...
ဒိုင် ယာရီ ထဲ အထီးကျန် ရက်စွဲ များ
စသည်ဖြင့်
စသည်ဖြင့်
ဘာမှ မဆိုင်သော ပျော်ရွှင်မှု။
အသက် ၃၀ လက်ရှိအရွယ်
ဒီတော့ .....ကိုယ်ဟာ ဘ၀ပီး ရင် ဘ၀ ဆိုတဲ့ စိတ်နဲ့ ရှုမှတ်ခဲ့တာပါပဲ ။

ဝေမှူးချို
13/12/2013

ကျ ကွဲ သံ များ မကြားလိုပါ ။

ကျ ကွဲ သံ များ မကြားလိုပါ ။
ကျနော့်လမ်းတွေက ကဗျာတွေနဲ့ အတူတူ ကောက်ကွေ့ ခဲ့ဖူးပါတယ်
မျှော်လင့်ချက်ဟာ ကျကွဲလို့ မတော် မ တည့် တဲ့ စိတ်အန်ဖတ်တွေ ပေါ့။
မင်း ကြီးလာရင် ဘာဖြစ်ချင်လည်းတဲ့ …
ပြောတိုင်းမဖြစ်တဲ့ ဇတ်ကို ဒီတင်ရပ်လိုက်ရမှာလား ..
မေးသူ ဖြေသူ အသံတူဖို့လိုပါသလား။
အိမ်မက် ၁။
မိသားစု ။ မိ သား စု ။ မိ  သား စု ။
ဘဝဟာ ကျောင်းသင်ခန်းစာ …
၉ တန်း ..၁၀ တန်း စာသင်ခန်းထဲမှာ
သွေးကြော စိမ်းစိမ်းလေးတွေ ပေါ် စိတ်နဲ့
စိတ်အပေါ်  ပြစ်မှားမိတဲ့ ဓါးချက်တွေ …..ရှိကောင်း ရှိရဲ့
တစ်စုံတစ်ခုသော အကြောင်းပြချက်တွေ/ကို ရန်ပွဲတွေ နေရာအနှံ ပျံ ကျဲ ထားပါ။
အိမ်မက် ၂။
သူငယ်ချင်းရေ ..
ခုတလော ..ဝေါဟာရတွေဟာ အခါးကြီး သက်သက်
မင်းပြန်မလာတဲ့ လမ်းမှာ စိတ်ပျက်ဖွယ် ဒီလို
အော်အော်ခေါ်နေရတာနဲ့တင် ခါးနေပါပြီ….
လင်းရောင်ဦး .. ယောနသံ  ….
ငါတို့ဖန်လာတဲ့ အတိတ် ။
အိမ်မက် ၃။
မှတ်ချက်များ ။
ကျွန်နော်လည်း လူ ဆိုး လေး မဖြစ်ချင်ပါဘူး  ......
ယုန်ဖြူဖြူလေးတွေချစ်တယ် … ပန်းဖြူဖြူလေးတွေပန်ချင်တယ်..
ဘ၀ဖြူဖြူလေးကိုလည်း  လောကဓံမစားအောင် ထားချင်ခဲ့တယ်
ဘ၀က ပေးတဲ့ မှတ်ချက်တွေအပြင် ယုံကြည်မှုတွေ သဲထဲရေသွန် ဖြစ်စေဖို့
ကျွန်နော့် ကံ ကြမ္မာ ဟာ နက္ခတ်မှားပြီး သီး ပွင့် ခဲ့ ရ တာ ပါ။
………………………………………………….

WaiMhuChO