Tuesday, October 24, 2017

စိတ်ကျ အလင်းဆိုင်

ဘယ်လိုစိတ်နဲ့ ရှင်သန်နေထိုင်ရပါသလည်း
 ပျော်စရာဟာ ရှာဖွေစရာမလိုတဲ့ ဓမ္မ လား / အဓမ္မလား
ချစ်ခြင်းဖွဲ့စိတ်ဓါတ်တွေကရော ရောင်းတန်းဝင်ပါရဲ့လား ။

တခုခုပေးဖို့ တခုခုဆိုတာ မျှော်လင့်စရာ ထုတ်ကုန်ပစ္စည်း သာသာ
အေးစက်စက် ကော်ဖီခွက်မှာ အိမ်ဆိုတဲ့အတွေးတွေ ပြည့်သိပ်နွေးထွေး။

မရေတွက်နိုင်တော့တဲ့ ဖန်ခွက်လွတ်တွေကပြောတယ်
မျိုသိပ်ကြေကွဲရသူတိုင်းအတွက်တော့ အိမ်မက်တိုင်းက ခါးတယ်ဆိုပဲ
နာကျင်သူရဲ့ ကြေကွဲခြင်းဒဿန မှာ

ကြယ်ရောင် လရောင် ကန်းတယ် ။

 ဝေမှူးချို
17/5/2015



No comments:

Post a Comment