Friday, March 7, 2014

အမှန်တွေဟာ အမှားရဲ့ နောက် ကွယ်မှာ ..................။

အထူအပါးမတူတဲ့ မှန်နံရံလို့
"ကိုယ်ဟာ ဘ၀ပီး ရင် ဘ၀ ဆိုတဲ့ စိတ်နဲ့ ရှုမှတ်ခဲ့တာပါပဲ ။ "

၁၀ နှစ်အရွယ် .........
ဘ၀ဟာ ကျကွဲသွားတဲ့
ကျကွဲသွားရတဲ့
ကျနော်ရဲ့ အမွန်အမြတ်ဆုံးသော စုဗူး လေး ပေါ့ ...
ဘ၀ဆိုတာ ...၁၀တန် ကနေ ၉၀ကျပ်တန် အိမ်မက်တွေ မြေခသွားတဲ့ ပျော်၇ွှင်မှု ။

၁၆ နှစ်အရွယ် .............
ဘ၀ဆိုတာ ဘာညာ ဘာညာပေါ့ .....
ကျနော်တို့  ကျောင်းခန်းထဲက ကြိမ်လုံးသံလေး
ဘ၀ကို ဘ၀မှန်း သိအောင် ရင် မခုန်တတ်သေးတဲ့ အချိန် ..
ပျော်ပွဲရွှင်ပွဲတွေနဲ့ ကိုယ့်ကိုကိုယ် လူရာသွင်းတမ်းကစားဖူးတဲ့ ပျော်ရွှင်မှု ။

၂၀ကျော် အစိတ် (၂၅) စွန်း
တစိတ်ကို တအိတ်လုပ် လို့
နာကျင်စရာတွေ မွေးမြူ ....
အိမ်မက်ဟာ မြောက်အရပ်က တိုက်ခတ်တဲ့ လေ ပြေ လေ အေး
ဒီတော့ ...... ဘ၀ဆို တာ မိုက် ရူးရဲ ဆန် တမ်း ကစားချင်တဲ့ ပျော်ရွှင်မှု  ။

၂၇ ... ၂၈
ဘ၀ အဖြစ်သနစ် တော်တော် စုံလို့
ကံ ဆိုတာ
သိပ်ကို သေချာတဲ့ အလီဘိုင်မှန်း သိလာရတဲ့ အချိန်။
ဘ၀ဟာ အချစ်
ဘ၀ဟာ မေတ္တာ
ဘ၀ဟာ မိသားစု  .............
မှတ်တမ်း မှတ်ရာ သတင်းအချက်အလက် အပြည့် အစုံနဲ့ 
ဘ၀ဆိုတာ ...
ဒိုင် ယာရီ ထဲ အထီးကျန် ရက်စွဲ များ
စသည်ဖြင့်
စသည်ဖြင့်
ဘာမှ မဆိုင်သော ပျော်ရွှင်မှု။
အသက် ၃၀ လက်ရှိအရွယ်
ဒီတော့ .....ကိုယ်ဟာ ဘ၀ပီး ရင် ဘ၀ ဆိုတဲ့ စိတ်နဲ့ ရှုမှတ်ခဲ့တာပါပဲ ။

ဝေမှူးချို
13/12/2013

1 comment:

  1. ဘ၀ပီး ရင် ဘဝ
    သဘောကျစွာဖတ်ခဲ့ပြီ

    ReplyDelete