Monday, April 25, 2011

"လတ်တလော နေထိုင်မှု"

အရေးတကြီး မလိုအပ်ခဲ.ဘူး ..... ဆိုရင်ပေါ.
ဒီလမ်းကိုလည်း ဆက်မလျောက်ချင်ဘူး
ဒီလို အတွေးတွေနဲ့လည်း
ဒီ ရင်ဘတ်အတွက်
လှေကား မထောင်ချင်တော့ဘူး။


လမ်းဆိုတာ ခြေထောက်ပါမှ မဟုတ်ပါဘူး
ငါကတော့ ရင်ဘတ်နဲ့ တွေးတယ်
နှလုံးသားနဲ့ခံစား... စိတ်စေရာ လမ်းသလားခဲ့လို့လား ..........?

ဒါနဲ့
ခရီးဆုံးတိုင်း ရွာတွေ လွန်ပေါင်းလည်း များပြီ
အမှတ်ပဲ မရှိတာလား
ငါကပဲ အမှတ်မထားတာလား


ငါဆိုတာ ........
ငါ့အတွက် မဟုတ်ခဲ့ဘူး
အရေးတကြီးမလိုအပ်ခဲ့ဘူးဆိုရင်ပေါ့
ငါ ဆိုတာလည်း
ငါ့ အတွက် မလိုအပ်ချင်တော့ဘူး။။။။

ဝေမှူးချို
 

"ကဗျာထဲက ကျွန်တော်. ညနေ"

ခံစားမိသမျှ
လောကရဲ. အပူအအေးတွေ
နှလုံးသွေးတွေနဲ့ ထုဆစ်ကြည့်မိတယ်
ဘ၀တစ်ခုလုံးတော့မဟုတ်ဘူး..........
ဒါပေမယ့် ...ရင်ဘတ်တခုလုံး နဲ့........ပါ။

ကဗျာ တဲ့
ရင်ထဲ ရှိတာတွေ ချကျွေးမိတယ်
အရိုးရှင်းဆုံး စိတ်ဓါတ်တွေနဲ့ .................
အိမ်မက်တွေ အတွက် အစာ အာဟာရ...
.........................................................။။။

တစ်ခါတစ်ခါ
လူတွေရဲ့အတ္တက ရေလိုက်လွဲတဲ့ ငါးလိုပဲ လား...။

လူတွေ လူတွေ
အရောင်စုံတဲ့ ငါတို့ ရင်ဘတ်တွေကို
ဈေးနှူန်းတွေ လာလာကပ်ကြတယ်....
အားနားတတ်ယုံ အပြုးလေးကလည်း
ဧည့်ဝတ် ကျေမယ်ထင်ပါတယ်...............။

ကိုငှက် က ပြောဘူးတယ်
ကဗျာထဲက ခင်ဗျားရဲ့ ညနေနဲ.
ကျွန်တော့်ရဲ့ ညနေ တူမှာမဟုတ်ဘူး တဲ့
ခင်ဗျားတို့ နောက်ထပ်
ဈေးနှုန်းတွေ မကပ်ကြပါနဲ့တော. ဗျာ။။။။။။။။။




ဝေမှူးချို

Sunday, April 10, 2011

အဟက်

အငြိုးတွေကြီးပဲဆိုတော့
ဘဝက မပြည့်စုံသေးဘူးတဲ့ဗျာ..
ဘာတွေ ထပ်ဖြည့်ကြအုံးမလဲ
ဘဝ .
ခံယူချက်.
ယိုင်နဲ့နဲ့ စိတ်ဓါတ်တွေက
ငါတို့အတွက် လက်နက်..။

အဟက်.
တန်ကြေးတွေ ဖြတ်တဲ့နောက်
ဘဝရိုင်းတွေနောက်
ကျွန်နော်လိုကောင်လည်း
မိုက်ရိုင်းတတ်လာပီ အစ်ကို။

ဟိုတုန်းကတော့
... လောကဓံ အမျက်တော်တွေ ပြေစေဖို့......
အဲ ရယ်သံက
ကျွန်တော်တို့အတွက်တော့ အမျက်ပြေ လကာင်္သံလေ..။

အဟက် ....
ဒဏ်ရာ တစ်ဝက်လောက်
အဲရယ်သံအောက်ပျော်ဝင်ပါလေစ...

ခုမှ
ဘာမှမကျန်တော့ဘူးဆိုတဲ အဓိပ္ပါယ်
နားလည်နိုင်လိုက်တယ်..။
အဟက်.........။

ဝေမှူးချို

Monday, April 4, 2011

ကြိုး


လူ + လောက(ပတ်ဝန်းကျင်) = အသက်ရှင်ရပ်တည်မှု
(=) ညီမျှခြင်းဆိုတဲ့ နေရာမှာ ကြိုးတစ်ချောင်းကိုမြင် ကြည့် စမ်းပါ………
ကိုယ်တိုင်အချည်ခံချင်တဲ့လူ.. ။
မသိပဲချည်နှောင်နေမိသူ … (ကြိုးစားနေတဲ့သူ …)။
မလိုချင်ပဲ အချည်ခံနေရသူ။
ငြင်းပယ်မှုတွေကြား တစ်ရစ်ြပီးတစ်ရစ်တိုးပြီး အချည်ခံနေရသူ ။
အချည်ခံချင်သူတွေ……..:D …….ect..

အသက်ရှင် ရပ်တည်မှုတစ်ခုအတွက် လူတစ်ယောက် သူ့ကိုချည်နှောင်ထားတဲ့ ကြိုးတွေ သိပ်အများကြီး မလိုပါဘူး သံယောဇဉ်ကြိုးလေးတစ်ချောင်းတစ်လေပဲဖြစ်ဖြစ်တဲ့………

သူရှိနေလို့ သူ့အတွက် ဆိုတာမျိုး (ဘာမှမရှိတော့ပါဘူးလို့ အော်နေတဲ့ လူတစ်ယောက်အတွက် နောက်ဆုံး ထွက်သက်မှာလိုအပ်နေတာ ကောက်ရိုးမျှင်လေးတွေလား……. အဟား ) ရီမိပြန်ပြီ…….။ 

အဲဒါကရော ကိုယ့်ရှင်သန်မှုအတွက် အတ္တတွေမဟုတ်ဘူးလား။ တခါတလေ အတ္တဆိုတာ ကိုယ့် ရှင်သန်မှုအတွက် သဘာဝကပးတဲ့ အလီဘိုင်တွေ နောက် တရားလိုတွေ……….လား။
ဘာကြိုးမှမရှိပဲ မရှိဘူးလို့ ငြင်းဆန်နေတဲ့လူတွေ အတွက်ရော ဘာအတွက် အသက်ရှင်နေတာလဲ …… လို့ မေးကြည့်ချင်တယ်..။
အနည်းဆုံးသူတို့မှာလဲ အကြောင်းပြချက်တွေ ရှိနေမလား။ အဓိပ္ပါယ်တစ်ခုတလေ……ရော ပေးနိုင်ကြမလား။
ဒါဆို တစ်ခု….စဉ်းစားစရာ လူတွေ အသက်ရှင်သန်ရပ်တည်ခွင့်ရနေတဲ့အတွက် အဲ့ အပေါ်မှာ အကြောင်းပြချက်ပေးဖို့ လိုနေလို့လား…………..။ ကြိုးတွေ မလိုဘူးလား ? လိုသလား ? မရှိရင်ရော ? ရှိရင်ရော ? ဘာမှမဖြစ်သေးခင် ဘာမှမဖြစ်ကြဘူး…..။ ဘာမှမရှိတော့ရော ဘာမှမရှိကြတော့ဘူးလား…။ ဒါဆို ကြိုးတွေမလိုချင်တဲ့လူ အချည်နှောင်မခံချင်သူတွေကရော…….တကယ်ကို မလိုချင်ကြတာဆိုရင် ။ သူတို့ ဘာတွေလိုနေလဲ …..ဘယ်သူအတွက်လဲ..
နေစရာ ရှင်သန်မှု….သူတို့ရဲ့ ရပ်တည်ချက်…… တချိုကတော့…… သံယောဇဉ်ဆိုတာ နှောင်ကြိုးတဲ့ အဲထိတော့လက်ခံနိုင်တယ်..။
အဲကြိုးက ဘာနဲ့ချည်ထားတာလည်း..........။ ပန်းတွေနဲ့သီထားတာလား မီးတွေနဲ့ ချည်ထားတာလား။ ဒါကတော့ လက်ခံတဲ့သူ အပေါ်မှာ မူတည်နေမလား။ ပေးတဲ့သူက ပန်းတွေ နဲ့သီပေမယ့် ခံစားတဲ့သူဘက်က မီးလိုထင်နေရင်လည်း……… မီးပဲပေါ့။ ဘယ်သူတွေကရော အတ္တနဲ့ အလွတ်ရုန်းနိုင်သေးလို့လဲ....။ အဲ့ထဲမှာပဲ ပျော်ဝင်ခံစားရင်း...။

ဝေမှူးချို
4 april 2011

**** ဂျူး ရဲ့ လူနဲ့ ကြိုး ဆောင်းပါးရယ် ။ အစ်ကိုတစ်ယောက်ကပြောတဲ့ သံယော်ဇဉ် နှောင်ကြိုးအကြောင်းရယ်.. ခုလက်ရှိ ဖြစ်နေတာလေးတွေရယ် ခံစားမိသမျှ***