Monday, April 25, 2011

"လတ်တလော နေထိုင်မှု"

အရေးတကြီး မလိုအပ်ခဲ.ဘူး ..... ဆိုရင်ပေါ.
ဒီလမ်းကိုလည်း ဆက်မလျောက်ချင်ဘူး
ဒီလို အတွေးတွေနဲ့လည်း
ဒီ ရင်ဘတ်အတွက်
လှေကား မထောင်ချင်တော့ဘူး။


လမ်းဆိုတာ ခြေထောက်ပါမှ မဟုတ်ပါဘူး
ငါကတော့ ရင်ဘတ်နဲ့ တွေးတယ်
နှလုံးသားနဲ့ခံစား... စိတ်စေရာ လမ်းသလားခဲ့လို့လား ..........?

ဒါနဲ့
ခရီးဆုံးတိုင်း ရွာတွေ လွန်ပေါင်းလည်း များပြီ
အမှတ်ပဲ မရှိတာလား
ငါကပဲ အမှတ်မထားတာလား


ငါဆိုတာ ........
ငါ့အတွက် မဟုတ်ခဲ့ဘူး
အရေးတကြီးမလိုအပ်ခဲ့ဘူးဆိုရင်ပေါ့
ငါ ဆိုတာလည်း
ငါ့ အတွက် မလိုအပ်ချင်တော့ဘူး။။။။

ဝေမှူးချို
 

No comments:

Post a Comment