Thursday, May 26, 2011

နောက်ဆုံးညစာ

ဟူး...........
သူ့ အတွက် အလိုက်သိပေးရတာ...
မလွယ်ပါလား...
ပြောမပြတတ်တော့တဲ့
မျက်ရည်တွေ ........... အများသား။

အိမ်ပြန်ချိန်တွေမှာ
ဖဲ့ထုတ်လိုက်ရတဲ့ ရယ်သံတွေ
စာစီလိုက်တော့ စိတ်နာစရာ.. ပေါက်ကွဲစရာတွေထက် 
တိတ်တိတ်လေး နေပေးဖြစ်တယ်။။
ရင်နာစရာ ဖြစ်နေတယ်။။
မင်္ဂလာပါ ညီမလေးရေ
နောက်ဆုံးညစာ က
မကြာခင်အချိန်တွင်းမှာပါ..။

အဆိပ်သင့်နေတဲ ခရမ်းရောင်ရေ
ငါအတွက်တော့ .......ပင်လယ်ဆိုတာ
အိမ်ပြန်ချိန် ခပ်မိုင်းမိုင်းလေးပါ.။

ဆုတောင်းတာနဲ့ ဆန္ဒပြုတာကြား
ဘာတွေများ ပြည့်ခဲ့ဘူးလိုလည်း...။
မရတာခြင်းတူတူ
တောင်းမိတဲ့ စိတ်လေး ညစ်နွမ်းသွားတယ်
မင်္ဂလာပါ ညီမလေးရေ
နောက်ဆုံးညစာ က
မကြာခင်အချိန်တွင်းမှာပါ..။

နာကျင်သံတွေမှာ..
ဖဲ့ထုတ်လိုက်ရတာ....
ရှိုက်သံတွေမှာ
ဖဲ့ထုတ်လိုက်ရတာ...
ရင်ခုန်ခြင်းရနံတွေမှာ
ဖဲ့ထုတ်လိုက်ရတာ.....
ရှင်သန်ခြင်းဇတ်ကွက်ထဲက
ငါအသွေးအသားလည်ပတ်မှုတွေပါလား........။
မင်္ဂလာပါ ညီမလေးရေ
နောက်ဆုံးညစာ က
မကြာခင်အချိန်တွင်းမှာပါ..။

ဝေမှူးချို

No comments:

Post a Comment