Monday, September 19, 2011

အမှန်တရားရဲ့ဆွံ့အမှု

"ကျွန်နော့်မှာ အမှန်တရားရဲ့ဆွံအမှုတွေရှိတယ်။
ဘဝရဲ့ ရောင့်ရဲလွယ်မှု မဟုတ်ပါဘူး
တိုးတိတ်လွန်းတဲ့ အတိတ်တွေကြောင့်
ဆွံအခဲ့ရတဲ့ အသံတွေ
နာကျင်မှုတွေကြောင့် ချန်ထားခဲ့တဲ့ အနာဂတ်တွေပါ။"


လူတော်တော်များများကို ချစ်ခဲ့ဘူးတယ် .......ထင်ပါတယ်..
မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း........
ဒါ ...၁၅၀၀ တန်မေးခွန်းလေ ..
အဟက် ။နင် သူ့ကိုချစ်လားတဲ့ အဲမေးခွန်း အတွက် အဖြေကYes (ဒါမှမဟုတ်) NO ဖြစ်ပါလိမ့်မယ်။
မေးရိုး မေးစဉ်အတိုင်းပေမယ့် အဲအချိန်တုန်းက ဖြေခဲ့တဲ့သူတွေ ရင်ဘတ်မှ မတူခဲ့တာ။
စကတည်းက ဖြေခဲ့ပါတယ်.....။"ချစ်တာထက် မြတ်နိုးတာ ......။"
အချစ် ။ ချစ်တယ် ။ မချစ်ဘူး ။ ဆိုတာတွေထက်...။
လေးစားအားကိုးတဲ့စိတ် ။ မြတ်နိုးချစ်ခင်တဲ့စိတ်။ ငြိတွယ်ချင်တဲ့ စိတ်ကူးတွေ ဖြစ်ပါလိမ့မယ်။
အဲဒါတွေကပဲ တခြားသူတစ်ယောက်အတွက် ပူလောင်မှုကို ဖြစ်ထွန်းစေခဲ့သလား။

"ဖြေဆေး တိမ်"

မှောင်နေကျ တိမ်တွေလေ
ဖြေဆေးမလိုပါဘူး...........။

ရင်ထဲက မပါပဲ
အော်နေရတာ........
ဘဝက အလင်းမဆန်လိုက်တာ ......။

ပိတ် ထား ရ တဲ့
ခပ် အက် အက် နား ........တွေ ။

မှိတ်ထားရတဲ့
အလင်း သံ ခပ်ပြင်းပြင်း ..........တွေ။

ငါတို့
ရင်ခုန်သံကိုက
သေးသိမ် လွန်း ပါတယ်........။    ၊

ဝေမှူးချို
2011, July12

Friday, September 16, 2011

ငြိမ်သက်သော အခြေအနေများ

ကော်ဖီ တစ်ခွက်ရယ်
စီးကရက် တစ်လိပ်ရယ်
အဝါရောင် tablet တွေရယ်.....
ဘဝက ငြိမ်သက်ခြင်း မဲ့ ။

ကိုယ့် သချိုင်းအတွက်
နောက်ဆုံး လက်ကျန်တွေဖြတ်။

တကယ် အသက်ဆက်နေတာ
ကော်ဖီ တစ်ခွက်ရယ်
စီးကရက် တစ်လိပ်ရယ်
အဝါရောင် tablet တွေရယ်...........။

ခန္ဓာ မပျက်သေးသ၍
" ငါ့ စိတ်" အနေအထိုင်တတ်ဖို့ လို လာ ပြီ ။
ကျိုး ကြေ ပဲ့ ကျ မှု များအား
ပြန်ကောက်စရာ မလို။
နာကျင် ထုံ အ မှုများ အတွက်
ဘုရားသခင် မလို။
အသုံးမကျသော ဖြေရှင်းချက်များအတွက်
မျက်ရည်များ နောက်ထပ် မလို။
နှုတ် ဆက်  ဖို့  ခြေလှမ်းများအတွက်
စကားလုံးတွေ မလို ။
ကော်ဖီ တစ်ခွက်
အမာရွက် တစ်ခု ၊
စီးကရက် မီးခိုးငွေတွေက
နောက်ဆုံး မှတ်တိုင်အဖြစ် ကျန်ရစ်.......စေ ။
နောက်ဆုံး အချိန်
ဘဝတစ်ခု ငြိမ်သက်ခြင်းမဲ့ နေ ။
ကော်ဖီဟာ နာကျင်စရာတွေများ။
ယုံကြည် နားလည် မှု က
သင်းကွဲ တစ်ကောင်လို ခံစား။

ဝေမှူးချို