Friday, September 16, 2011

ငြိမ်သက်သော အခြေအနေများ

ကော်ဖီ တစ်ခွက်ရယ်
စီးကရက် တစ်လိပ်ရယ်
အဝါရောင် tablet တွေရယ်.....
ဘဝက ငြိမ်သက်ခြင်း မဲ့ ။

ကိုယ့် သချိုင်းအတွက်
နောက်ဆုံး လက်ကျန်တွေဖြတ်။

တကယ် အသက်ဆက်နေတာ
ကော်ဖီ တစ်ခွက်ရယ်
စီးကရက် တစ်လိပ်ရယ်
အဝါရောင် tablet တွေရယ်...........။

ခန္ဓာ မပျက်သေးသ၍
" ငါ့ စိတ်" အနေအထိုင်တတ်ဖို့ လို လာ ပြီ ။
ကျိုး ကြေ ပဲ့ ကျ မှု များအား
ပြန်ကောက်စရာ မလို။
နာကျင် ထုံ အ မှုများ အတွက်
ဘုရားသခင် မလို။
အသုံးမကျသော ဖြေရှင်းချက်များအတွက်
မျက်ရည်များ နောက်ထပ် မလို။
နှုတ် ဆက်  ဖို့  ခြေလှမ်းများအတွက်
စကားလုံးတွေ မလို ။
ကော်ဖီ တစ်ခွက်
အမာရွက် တစ်ခု ၊
စီးကရက် မီးခိုးငွေတွေက
နောက်ဆုံး မှတ်တိုင်အဖြစ် ကျန်ရစ်.......စေ ။
နောက်ဆုံး အချိန်
ဘဝတစ်ခု ငြိမ်သက်ခြင်းမဲ့ နေ ။
ကော်ဖီဟာ နာကျင်စရာတွေများ။
ယုံကြည် နားလည် မှု က
သင်းကွဲ တစ်ကောင်လို ခံစား။

ဝေမှူးချို

No comments:

Post a Comment