Monday, September 19, 2011

အမှန်တရားရဲ့ဆွံ့အမှု

"ကျွန်နော့်မှာ အမှန်တရားရဲ့ဆွံအမှုတွေရှိတယ်။
ဘဝရဲ့ ရောင့်ရဲလွယ်မှု မဟုတ်ပါဘူး
တိုးတိတ်လွန်းတဲ့ အတိတ်တွေကြောင့်
ဆွံအခဲ့ရတဲ့ အသံတွေ
နာကျင်မှုတွေကြောင့် ချန်ထားခဲ့တဲ့ အနာဂတ်တွေပါ။"


လူတော်တော်များများကို ချစ်ခဲ့ဘူးတယ် .......ထင်ပါတယ်..
မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း........
ဒါ ...၁၅၀၀ တန်မေးခွန်းလေ ..
အဟက် ။နင် သူ့ကိုချစ်လားတဲ့ အဲမေးခွန်း အတွက် အဖြေကYes (ဒါမှမဟုတ်) NO ဖြစ်ပါလိမ့်မယ်။
မေးရိုး မေးစဉ်အတိုင်းပေမယ့် အဲအချိန်တုန်းက ဖြေခဲ့တဲ့သူတွေ ရင်ဘတ်မှ မတူခဲ့တာ။
စကတည်းက ဖြေခဲ့ပါတယ်.....။"ချစ်တာထက် မြတ်နိုးတာ ......။"
အချစ် ။ ချစ်တယ် ။ မချစ်ဘူး ။ ဆိုတာတွေထက်...။
လေးစားအားကိုးတဲ့စိတ် ။ မြတ်နိုးချစ်ခင်တဲ့စိတ်။ ငြိတွယ်ချင်တဲ့ စိတ်ကူးတွေ ဖြစ်ပါလိမ့မယ်။
အဲဒါတွေကပဲ တခြားသူတစ်ယောက်အတွက် ပူလောင်မှုကို ဖြစ်ထွန်းစေခဲ့သလား။



"သေချာမှုတွေကို  ချမပြရက်ခဲ့တဲ့
ကျွန်နော်အမှားတွေ။
မရေရာတဲ့ ဆန္ဒတွေကို
ပုံဖေါ်ထုဆစ် ...... 
သူ့လိုချင်တဲ့
ဘဝ ရဲ့ အေးမြတဲ့ အရိပ်တွေ ရှာဖွေခွင့် ရခဲ့တာလား ပေးခဲ့တာလား။

နင့်ကို သူက ချစ်တယ်ပြောဘူးလို့လား တဲ့
မိန်းမတစ်ယောက်ရဲ့ ရင်ထဲက အပူတွေကို မိန်းမ အချင်းချင်းပဲ နားလည်ပေးနိုင်မယ်ထင်ခဲ့မိပြီး သူရဲကောင်းဆန်ဆန် မိုက်မဲမှုတွေလေ..။
ရလာဒ်ဆိုးတွေလေ..........။
မေးခွန်းတစ်ခုကို မဖြေခဲ့ဘူးဆိုတာ ... မဖြေချင်လို့ရယ် မဖြေရက်လို့ရယ် ဆိုတာ ခင်ဗျားတို့ နားမလည်ခဲ့ပဲလေ။

"ကောင်းကင်ကတော့ ကောင်းကင်ပါပဲ ...
မြင်ကွင်းတွေ မတူတော့ ခံစားချက်တွေ မတူခဲ့ဘူးလေ..။
ချစ်ခြင်းမေတ္တာ ဆိုတာ ဖိနပ်တရံလိုပါပဲ ။
မတော်မတဲ့တာရယ်
မထိုက်တန်တာရယ်
မဝေခွဲနိုင်တာရယ်
ဝယ်သူ ရောင်းသူ ခဏစီးချင်တဲ့သူ
ကိုယ်နဲ့မတော်တဲ့ ရင်ဘတ် ရှိုးကေ့ထဲထည့်ပြီး မက်ခဲ့ရတဲ့နေ့တွေလည်း ရှိမယ်။
အလှစီးပြီး ပြန်သိမ်းထားခဲ့တဲ့ အချိန်တွေလည်း ရှိမယ်။"

ပြီးတော့ ....... ကျွန်နော့်မှာ အမှန်တရားရဲ့ဆွံအ မှုတွေရှိတယ်။
မရေရာမှုတွေ ပါတယ်
"နင် ဒီမုန့်စားမလား " "ဟင့်အင်း စားမယ်"  ဆိုတဲ့
အဖြေမျိုးက  ငယ်ငယ်တုန်းကအချိန်တွေအတွက်ပဲ ကြည့်ကောင်းနားထောင်ကောင်းမယ်ထင်ပါရဲ့။

မသေချာမှုတွေ ရှိခဲ့တယ်
.............@.................?
ငါ့ အတွက်သူ ဆိုပေမယ့် သူ့အတွက် ငါ ဟုတ်မဟုတ်ဆိုတာ မသေချာဘူး ။
ခံစားချက် ဆိုပေမယ်။ တချို့ရင်ခုန်မှုတွေက မသေချာဘူး ။

ခုလတ်တလော ကျွန်နော့်နားမှာ အရောင်တွေ  မကျန်တော့တာ သေချာပါရဲ့လား ။

လမ်းတွေရင်တောင် မခေါ်ပါနဲ့
ခင်ဗျားကို အမှန်တရားရဲ့ ခါးသီးမှူတွေနဲ့ ဧည့်ဝတ်မကျေချင်ဘူး
ခုလို ဝတ်ကျေတန်းကျေ
နှုတ်ဆိတ်နေရတာ ပိုကောင်းပါတယ်ဗျာ။


ဝေမှူးချို (ရူးသည်)


No comments:

Post a Comment