Monday, April 4, 2011

ကြိုး


လူ + လောက(ပတ်ဝန်းကျင်) = အသက်ရှင်ရပ်တည်မှု
(=) ညီမျှခြင်းဆိုတဲ့ နေရာမှာ ကြိုးတစ်ချောင်းကိုမြင် ကြည့် စမ်းပါ………
ကိုယ်တိုင်အချည်ခံချင်တဲ့လူ.. ။
မသိပဲချည်နှောင်နေမိသူ … (ကြိုးစားနေတဲ့သူ …)။
မလိုချင်ပဲ အချည်ခံနေရသူ။
ငြင်းပယ်မှုတွေကြား တစ်ရစ်ြပီးတစ်ရစ်တိုးပြီး အချည်ခံနေရသူ ။
အချည်ခံချင်သူတွေ……..:D …….ect..

အသက်ရှင် ရပ်တည်မှုတစ်ခုအတွက် လူတစ်ယောက် သူ့ကိုချည်နှောင်ထားတဲ့ ကြိုးတွေ သိပ်အများကြီး မလိုပါဘူး သံယောဇဉ်ကြိုးလေးတစ်ချောင်းတစ်လေပဲဖြစ်ဖြစ်တဲ့………

သူရှိနေလို့ သူ့အတွက် ဆိုတာမျိုး (ဘာမှမရှိတော့ပါဘူးလို့ အော်နေတဲ့ လူတစ်ယောက်အတွက် နောက်ဆုံး ထွက်သက်မှာလိုအပ်နေတာ ကောက်ရိုးမျှင်လေးတွေလား……. အဟား ) ရီမိပြန်ပြီ…….။ 

အဲဒါကရော ကိုယ့်ရှင်သန်မှုအတွက် အတ္တတွေမဟုတ်ဘူးလား။ တခါတလေ အတ္တဆိုတာ ကိုယ့် ရှင်သန်မှုအတွက် သဘာဝကပးတဲ့ အလီဘိုင်တွေ နောက် တရားလိုတွေ……….လား။
ဘာကြိုးမှမရှိပဲ မရှိဘူးလို့ ငြင်းဆန်နေတဲ့လူတွေ အတွက်ရော ဘာအတွက် အသက်ရှင်နေတာလဲ …… လို့ မေးကြည့်ချင်တယ်..။
အနည်းဆုံးသူတို့မှာလဲ အကြောင်းပြချက်တွေ ရှိနေမလား။ အဓိပ္ပါယ်တစ်ခုတလေ……ရော ပေးနိုင်ကြမလား။
ဒါဆို တစ်ခု….စဉ်းစားစရာ လူတွေ အသက်ရှင်သန်ရပ်တည်ခွင့်ရနေတဲ့အတွက် အဲ့ အပေါ်မှာ အကြောင်းပြချက်ပေးဖို့ လိုနေလို့လား…………..။ ကြိုးတွေ မလိုဘူးလား ? လိုသလား ? မရှိရင်ရော ? ရှိရင်ရော ? ဘာမှမဖြစ်သေးခင် ဘာမှမဖြစ်ကြဘူး…..။ ဘာမှမရှိတော့ရော ဘာမှမရှိကြတော့ဘူးလား…။ ဒါဆို ကြိုးတွေမလိုချင်တဲ့လူ အချည်နှောင်မခံချင်သူတွေကရော…….တကယ်ကို မလိုချင်ကြတာဆိုရင် ။ သူတို့ ဘာတွေလိုနေလဲ …..ဘယ်သူအတွက်လဲ..
နေစရာ ရှင်သန်မှု….သူတို့ရဲ့ ရပ်တည်ချက်…… တချိုကတော့…… သံယောဇဉ်ဆိုတာ နှောင်ကြိုးတဲ့ အဲထိတော့လက်ခံနိုင်တယ်..။
အဲကြိုးက ဘာနဲ့ချည်ထားတာလည်း..........။ ပန်းတွေနဲ့သီထားတာလား မီးတွေနဲ့ ချည်ထားတာလား။ ဒါကတော့ လက်ခံတဲ့သူ အပေါ်မှာ မူတည်နေမလား။ ပေးတဲ့သူက ပန်းတွေ နဲ့သီပေမယ့် ခံစားတဲ့သူဘက်က မီးလိုထင်နေရင်လည်း……… မီးပဲပေါ့။ ဘယ်သူတွေကရော အတ္တနဲ့ အလွတ်ရုန်းနိုင်သေးလို့လဲ....။ အဲ့ထဲမှာပဲ ပျော်ဝင်ခံစားရင်း...။

ဝေမှူးချို
4 april 2011

**** ဂျူး ရဲ့ လူနဲ့ ကြိုး ဆောင်းပါးရယ် ။ အစ်ကိုတစ်ယောက်ကပြောတဲ့ သံယော်ဇဉ် နှောင်ကြိုးအကြောင်းရယ်.. ခုလက်ရှိ ဖြစ်နေတာလေးတွေရယ် ခံစားမိသမျှ***

4 comments:

  1. ကိုယ်တိုင်အချည်ခံချင်တဲ့လူ.. ။ မသိပဲချည်နှောင်နေမိသူ ...

    အဲကြိုးက ဘာနဲ့ချည်ထားတာလည်း..........။ ပန်တွေနဲသီထားတားလား မီးတွေနဲ ချည်ထားတာလား။ ဒါကတော့လက်ခံတဲ့သူအပေါ်မှာမူတည်နေမလား။

    စဉ်းစားစရာပဲ ဒေါ်ဝေမှုးချိုရေ....

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. This comment has been removed by a blog administrator.

    ReplyDelete
  4. :)
    <<>>

    ငါ့ညီမ မေးခွန်းတွေ များနေတယ် ( ထင်တယ် )
    ရှင်သန်နေတယ် ဆိုတာ "ရှင်သန်" နေတာပဲ သူ့မှာ ဘာလိုအပ်ပါသေးသလဲ။ ဘယ်သူ့ အတွက်လို့ နေပေးရမှာလဲ။

    ပန်းလေး တစ်ပွင့် ပွင့်တယ်.. ဆိုပါတော့ ... သူက ဘယ်သူ့အတွက် ပွင့်ပေးရမှာလဲ...ဘယ်လိုပုံစံနဲ့ရော ရှင်သန်ပွင့်လန်းလာတာ မို့လို့လဲ..
    အဲ့ဒီ ပန်းတစ်ပွင့်ဟာ "ပန်းတစ်ပွင့်" ဖြစ်နေတာ သက်သက် မဟုတ်ဘူးလား

    ပြောချင်တာကတော့ အဲ့ဒီပန်းတစ်ပွင့် ပွင့်ဖို့ အတွက် ဘယ်စကားလုံးမှ လည်း မလိုအပ်သလို၊ --- လှတယ်-မလှဘူး၊ တန်ဖိုးရှိတယ်၊ မရှိဘူး - ဆိုတဲ့ အကြောင်း တွေဟာ သူ့အတွက် အဓိပ္ပာယ် တစ်ခု အနေနဲ့တောင် မရှိဘူး..

    :)

    ReplyDelete