Monday, March 28, 2011

****ရှိုက်သံ*****


အဖေ နဲ့ စကားမပြောဖြစ်တာကြာပီ...
ဘဝင်တွေနဲ့ မာနတွေလမ်းခင်းရင်း
ပြီးခဲတဲ့ နှစ် အစွန်းပိုင်းက
အဖေ့သမီးကြီး အိမ်ပေါ်က ဆင်းခဲ့တယ်

မှတ်မိပါသေးတယ်..
မာန်တင်းထားတဲ့အဖေ မျက်ဝန်းမှာ
ပူပန်မှုတွေ အပြည့်.......ပါလား။


သမီးမိုက်က နောင်တတွေတသီကြီးပိုက်
အမှောင်ကို ကြိုက်သတဲ့လေ
အဖေ့သမီးက
အသိုက်ကို ခြေစုန်ကန်လို့
တစိမ်းဆန်သတဲ့လား အဖေရယ်....။


အဖေ့ကိုချစ်တဲ့ သမီး
ကမ္ဘာမကျေ အမှားတွေ ဆေးကြောရင်း
မိသားစုကြားမှာ ...
တစ်ခါလောက် လင်းချင်းကြည့်ခြင်တာပါ..

အတောင်အလက်စုံလို့
လေကိုဆန် မာန်ထန်နေတာ မဟုတ်ရပါဘူး..


အဖေဆီက
ဒါမှငါ့ ...သမီးကြီး ဆိုတဲ့  ဂီတသံ နာခံချင်ယုံပါ.. အဖေရာ။။


ဒီနေ့ အဖေ ဖုန်းဆက်တယ်..
တစ်ယောက်ပြီးတစ်ယောက်
ကမ္ဘာမြေက ပျောက်သွားလိုက်ကြတာ..တဲ့
ငါသေတဲ့ထိ နင်ကိုပြန်တွေ့ပါ့အုံးမလား သမီးကြီးရယ်...... တဲ့


ဇာရာခိုင်းလို့... နားကိုင်းနေတဲ့ အဖေ
သမီးကြီးရဲ့ ရင်ထဲကရှိုက်သံအတိန်အနက်ကိုတော့
ကြားနိုင်သတဲ့လားအဖေ။


ဝေမှူးချို
၂၈-၃-၂၀၁၁ (6:20 PM)

2 comments:

  1. မိဘနဲ့သားသမီး၊သားသမီးနဲ့မိဘ...ဟူးးး...!
    ရင်ချင်းဆက်ထားကြတယ်ဆိုပေမဲ့ တစ်ခါတစ်လေကျရင်
    တော်တော် ဝေးဝေးမှာ ရှိနေသလိုလို...

    ကိုယ့်ရင်ထဲက ခံစားမှုကိုချပြရင်း
    သူ့ရင်ထဲက နာကျင်မှုကိုလည်း မြင်အေင်ကြည့်ပေါ့ ဒေါ်ဝေမှူးချိုရေ..
    တစ်ခါတစ်လေ အဲဒီ နားလည်မှုလေးက တိမ်မယောင်နဲ့နက်နေတယ်ဗျ။

    by the way,,,
    တကယ် မသိတာဆိုရင်တော့
    ဘယ်လို link ရလဲဆိုတာ ကြုံရင် ပြောပါ့မယ်.....:)

    ReplyDelete
  2. ရိုးရှင်းလှပစွာ...စီးဆင်းသွားပါသည်..ရင်ထဲ ။

    ReplyDelete