Tuesday, March 22, 2011

အမည်မဲ့မိုး


မလိုချင်တဲ့ လူတွေဆီကမှ 
အဲဒီ မိုးတွေ
ရွာနေလိုက်တာ ..အစ်ကိုရာ
တစ်ခါတစ်လေ တွေးမိတယ်...
ကိုယ်တစ်ယောက်ထဲ အတွက်ပဲ
သူ့ ရာသီမှာ
နွေခေါင်နေတာလားလို့လေ..... :(

ဟုတ်ကဲ့
ကမ္ဘာကြီးရဲ့ ရာသီဥတု
စုတ်ပြတ်သတ်နေတာ လက်ခံနိုင်ပါတယ်
လူတစ်ယောက်ရဲ့ရာသီဥတု..
အဲဒီလောက်
နွေခေါင်နေမယ်ဆိုတာတော့
...........................................။

1 comment:

  1. ကဗျာလာဖတ်တယ် ဒေါ်ဝေမှုးချိုရေ..
    ခံစားချက်အားကောင်းသလောက် ဖွဲ့နွဲ့မှု
    သေသပ်တယ်..နောက်လည်း လာပါအုံးမယ်..
    link ယူသွားတယ်ဗျာ...

    ReplyDelete