Monday, March 21, 2011

ဝှက်ထားတဲ့ ကျိန်စာ

အဲဒီနေ့က
သာမန်ပြက္ခဒိန်ထဲက နေ့စွဲတစ်ခုပါပဲ
မဝလင်နိုင်တဲ့ အပျော်တွေ နွေးထွေးမှုတွေကြား
ဝှက်ထားတဲ့ ကျိန်စာဟာ
ကျွန်တော့်ဆီကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်
မတော်တဆ တွေ့ခဲ့မိတာပါ...။

အခန်းအောင်းပြီး
နာကျင်ကြေကွဲနေစရာလိုလို့လား....။

ခက်နေတာက
နာကျင်အောင် လုပ်ခဲ့မိတယ်
နာနာကျင်ကျင်လည်း ခံစားရတယ်....။

ငါ....... ပြီးတော့.......... ဒဏ်ရာ

ဒဏ်ရာတွေ တွေ့တိုင်း ရေတွက်မိခဲ့တယ်
ရေတွက်သူကြီး မဖြစ်ပဲ
ရယ်တတ်သူ တစ်ယောက်သာ ဖြစ်ခဲ့တယ်
ဟုတ်တယ်.... ကျွန်တော်လည်း
အငိုရင်ဘတ်နဲ့ ရယ်နေတတ်ခဲ့တာ....။

အစ်ကိုရေ ။။။ ဟိုးကောင်းကင်မှာ
အိပ်ရေးပျက် ကြယ်လေးတွေ
ကမ္ဘာမြေပေါ်
ဖြိုးဖြိုး ဖြောက်ဖြောက်ကြွေလို့...

သူလို ငါလို ကြယ်တွေကြား
တခြမ်းပဲ့ကြယ်လေး ......... ကျွန်တော်
အရောင်တွေစွန်းထင်းရင်း
မုန်တိုင်းအော်သံတဲ့......
အဲ့လောကဓံ ပင်လယ်မှာ
.....................................
ပြန်မတွေးလည်း
အခါးဒဏ်ရာတွေကျန်နေသေးတယ်။     ။

ဝေမှူးချို

1 comment:

  1. အဖေကတော့ပြောဘူးတယ်...စွမ်းတဲ့ဆေးက ခါးတာများတယ်တဲ့
    အခု ... ကျန်နေတဲ့အခါးတွေကရော... ဆေးဖက်ဝင်များဝင်ဦးမလား :)

    ReplyDelete