Friday, March 7, 2014

ကျ ကွဲ သံ များ မကြားလိုပါ ။

ကျ ကွဲ သံ များ မကြားလိုပါ ။
ကျနော့်လမ်းတွေက ကဗျာတွေနဲ့ အတူတူ ကောက်ကွေ့ ခဲ့ဖူးပါတယ်
မျှော်လင့်ချက်ဟာ ကျကွဲလို့ မတော် မ တည့် တဲ့ စိတ်အန်ဖတ်တွေ ပေါ့။
မင်း ကြီးလာရင် ဘာဖြစ်ချင်လည်းတဲ့ …
ပြောတိုင်းမဖြစ်တဲ့ ဇတ်ကို ဒီတင်ရပ်လိုက်ရမှာလား ..
မေးသူ ဖြေသူ အသံတူဖို့လိုပါသလား။
အိမ်မက် ၁။
မိသားစု ။ မိ သား စု ။ မိ  သား စု ။
ဘဝဟာ ကျောင်းသင်ခန်းစာ …
၉ တန်း ..၁၀ တန်း စာသင်ခန်းထဲမှာ
သွေးကြော စိမ်းစိမ်းလေးတွေ ပေါ် စိတ်နဲ့
စိတ်အပေါ်  ပြစ်မှားမိတဲ့ ဓါးချက်တွေ …..ရှိကောင်း ရှိရဲ့
တစ်စုံတစ်ခုသော အကြောင်းပြချက်တွေ/ကို ရန်ပွဲတွေ နေရာအနှံ ပျံ ကျဲ ထားပါ။
အိမ်မက် ၂။
သူငယ်ချင်းရေ ..
ခုတလော ..ဝေါဟာရတွေဟာ အခါးကြီး သက်သက်
မင်းပြန်မလာတဲ့ လမ်းမှာ စိတ်ပျက်ဖွယ် ဒီလို
အော်အော်ခေါ်နေရတာနဲ့တင် ခါးနေပါပြီ….
လင်းရောင်ဦး .. ယောနသံ  ….
ငါတို့ဖန်လာတဲ့ အတိတ် ။
အိမ်မက် ၃။
မှတ်ချက်များ ။
ကျွန်နော်လည်း လူ ဆိုး လေး မဖြစ်ချင်ပါဘူး  ......
ယုန်ဖြူဖြူလေးတွေချစ်တယ် … ပန်းဖြူဖြူလေးတွေပန်ချင်တယ်..
ဘ၀ဖြူဖြူလေးကိုလည်း  လောကဓံမစားအောင် ထားချင်ခဲ့တယ်
ဘ၀က ပေးတဲ့ မှတ်ချက်တွေအပြင် ယုံကြည်မှုတွေ သဲထဲရေသွန် ဖြစ်စေဖို့
ကျွန်နော့် ကံ ကြမ္မာ ဟာ နက္ခတ်မှားပြီး သီး ပွင့် ခဲ့ ရ တာ ပါ။
………………………………………………….

WaiMhuChO

No comments:

Post a Comment