Friday, July 1, 2011

သို့ဖြစ်စေကာမူ...........။ ။

ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ
ခနခန လာလာ မရှုပ်နဲ့.....။

ငါ့ ဇတ်ရုပ်နဲ့ ငါ "က"နေတာ
ဒီပွဲမှာ
အမြင်မတော်သူတွေထုတ်ဖို့
ဒိုင်လူကြီးတွေ ငုတ်တုတ်ထိုင်နေတယ်..။

မင်းဘာလုပ်မှာလဲ မမေးနဲ

ငါ ဘာလုပ်နေလည်း အရင်တွေး။

ခင် ဗျား အတွက်

မေးခွန်းတွေ ........... ဝေးနေသလား

ထိုင်နေတဲ့သူ အပျင်းထူတတ်တယ်လေ။

ထသွားမှ ကျိုးမှန်းသိတဲ့ ............

အဲ့စကားလုံး

ဒီခေတ်လည်း အသုံးဝင်သေးတယ်။။

သို့ဖြစ်စေကာမူ
...................................။


ဝေမှူးချို
၂၀၁၁ ဇွန် ၃၀

ဒီရက်ပိုင်းအတွေးလေးပါ....... တွေးသမျှ လိုက်မလုပ်နိုင်တဲ့အခါ... တွေ့သမျှကို ထွေးမထုတ်နိုင်တဲ့အခါ....  မြင်သမျှကို ပြန်မပြောနိုင်တဲ့အခါ အကြောင်းပြချက်ကောင်းလေးတွေ လိုအပ်ကြမယ်ထင်ပါတယ်

No comments:

Post a Comment