Friday, July 1, 2011

၅၂၈




ဇွန် ၂၃

***သမီး နေကောင်းရဲ့လားတဲ့
***
လူမှန်းသိတက်စကတည်းက.. အဖေဆီက တခါမှ မကြားခဲ့ဘူးဘူး။
ကြားခါစက... တော်တော်အံ့သြသွားတယ်......။

အိမ်ကနေ အဝေးကို နှစ်ချီပီး ထွက်သွားဘူးတယ် ( ၄နှစ် လောက်ရှိမယ်)
အဲဒီတုန်းက ကိုယ်လုပ်ခဲ့တဲ့ အပြစ်ကို အဖေသဘောမကျလို့ထင်တာပဲ .. အိမ်ကို ဖုန်းဆက်ရင်တောင် အဖေ လာ မကိုင်ဘူး။
အဖေ့အတွက် ရည်ရွယ်ပီး ပို့ခဲ့တဲ့ပစ္စည်း အဖေ မထိခဲ့ဘူး..။
မိဘရင်ကို စုန်ကန်လို့အားရတော့  အသိုက်ကိုပြန်လာတဲ့အခါ ... ပါးစပ်က အဖေထုတ်မပြောပေမယ့်
ဝမ်းနည်းတဝက် ဝမ်းသာတဝက် .... အဖေပြုံးနေခဲ့တယ်..။
အဖေက သူမေတ္တာ..သူချစ်တာကို မျိုသိပ်တာလား... ထုတ်မပြတတ်တာလား...။
တစ်ခါတလေ ဖေဖေစကားမပြောတိုင်း .. နွေးထွေးမှု မရှိဘူးလိုထင်တိုင်း
 အမေကိုပြောမိတယ် ..ဖေဖေက အနော်ကိုဆို မချစ်ပါဘူးလို့
ငယ်တုန်းကတော့ အချစ်ဆုံးပေါ့...။ ခု တော့ မချစ်ဆုံးဖြစ်နေပီလို့..လေ။။
ဘာပဲပြောပြော ဒီနေ့ ဖေဖေဆီက... နွေးထွေးမှုလေးပြန်ရှာတွေ့တယ်...။

"ကိုယ်မိသားစုလောက် ဘယ်ကောင်းကင်မှ ကြယ်စုံမယ်မထင်ပါဘူး"

ဒါပေမယ် ဖေဖေရယ် ကျွန်နော်ကောင်းကင်က မှောင်လွန်းတယ်




ဝေမှူးချို

No comments:

Post a Comment