Tuesday, October 30, 2012

ဘ၀ ဟာ ........... နာ လေ ရီ လေ နာ ရီ ပါ ပဲ ။

ကျွန်နော်ရဲ့ ကဗျာ တစ်ခြမ်းဟာ ခင်ဗျားပါ
P L E A S E …… ကျေးဇူးပြုပြီး တိတ်တိတ် နေ ။
ကျွန်နော့် စိတ်တွေ ဖိတ်ကျတဲ့ အရပ် ဟာ ခင်ဗျား ဖြစ်တယ်။
ခင်ဗျား ….
ချန်ရစ်ခဲ့တဲ့ နေရာဟာ ကဗျာမရှိတော့အောင် မှောင်မိပါတယ် ။

အမုန်း
အမုန်းဟာ ပျိုးပင် တစ်ချို့ကို သေ စေ နိုင်တယ် ဆို ..
အလွမ်း
အလွမ်း ဟာ ရောဂါပဲ လို့ ခင်ဗျား ခဏ ခဏ ရေရွှတ်ကြည့်ပေါ့ ။
ချစ်ခြင်း
ကျွန် .. နော့် .. မှာ လောင်ကျွမ်းပြီးစ မီးစာ အပြင် ဘာမှ မကျန်ခဲ့တော့ပါဘူး ..။

အိမ် အပြင်မှာ ~ မိုး တွေ ~ ခင်ဗျားမသိအောင်ရွာနေရတယ်။
အိမ် အပြင် မှာ ~ မျက်ရည်တွေ ~ ခင်ဗျားမသိအောာင် ရွာနေရတယ်။
တစ်စုံတစ်ခုဟာ မိုးတွေချန်ခဲ့တာလား
တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်အတွက် မိုးတွေကျန်ခဲ့တာလား
ပုံပြင်ထဲမှာ …
ကမ္ဘာကြီးကို အလျော့မပေးဖို့ ခင်ဗျား လက်ကို တွဲခဲ့တယ် ….
ပုံပြင်ထဲမှာ …..
ခင်ဗျား လက်ကို တွဲခဲ့ လို့ ကမ္ဘာကြီးကို ထားခဲ့ရတယ် ။  ။
ရှင်ကွဲ  - နှစ်ဦး နှစ်ဘက် အရှုံးတွေနဲ့ နယ်ချဲ့  ခဲ့  တဲ့  အရပ်ပေါ့
ကျွန်နော့် ကမ္ဘာတစ်ဘက်ခြမ်းမှာ ခင် ဗျား မသိအောင် မှောင်ရတယ် ။
ကျွန်နော့် ကမ္ဘာတစ်ဘက်ခြမ်းမှာ က ဗျာ မသိအောင် မှောင်ရတယ် …။
။ ချ စ်ြ ခ င်း ေ မ တ ၱ  ာ ဟ ာ အ ရ ႊ ဲ ႕  အ ေ စ ာ င်း များ နဲ့  က ဗျာ ။
ဘ၀ ဟာ ........... နာ လေ ရီ လေ နာ ရီ ပါ ပဲ ။

w a i m h u c h o
8/11/2012


1 comment:

  1. ဘ၀ ဟာ ........... နာ လေ ရီ လေ နာ ရီ ပါ ပဲ

    ReplyDelete