Tuesday, November 6, 2012

"အ သေ အ ချာ ပြု ပြင် ဖန် တီး ထား တဲ့ က ဗျာ"

ခါးနံပတ် တစ်ဆယ့်သုံး။
ဝိရောဓိ အလွန် မှာ ကျွန်နော် သောကြာ ကြယ်လို ပွင့် ခဲ့ ဖူး တယ် ။

လူတွေဆီက ပျောက်ဆုံးသွားတာ ဘယ်လို အရာမျိုးလဲ။

ခပ်တိမ်တိမ် အိမ်မက်တွေနဲ့ .......... 
ရှင်သန်မှုတွေ ကိုက်ခဲနေတဲ့မြို့၊ 
ဒုက္ခ၊ ဥပက္ခာ နဲ့ မာနတရား စသဖြင့် ... ရှားပါးခြင်းပြဿနာက လူသားအရင်းအမြစ်ကို မျိုးတုန်းစေတယ် ။
လူနေထူထပ်သလောက် စိတ်နေ ပါးလွှာ၊ ခံစားချက် ခက်နက်နက်ရှိမှ လူရာဝင်မယ့် လူ့ အဖွဲ့အစည်းတွေ ရှားပါးစေတယ်။
ငတ်မွတ်ခြင်း ပြဿနာနဲ့ ဆာလောင်မှု ဒဏ်။ ကလေးသူငယ် နဲ့ ပန်းပွင့်များ။ အရိပ်ရ သစ်ပင်များစိုက်ပျိုးရင် မည်သူမျှ စိတ်မဝင်စား။
ခင်ဗျားတို့ ရှေ့က စာအုပ်ထူထူကြီးထဲမှာ လိင် အသုံးချခံရမှု  ပုဒ်မနံပတ် ×ဘယ်လောက် ×ဘယ်လောက်× သတ်မှတ်။

ခင်ဗျား ဒီလို ကမ္ဘာမှာ ပွင့် ဖူး နိုင် ပါတယ် ..... ခါးနံပတ် တစ်ဆယ့်သုံး။
အောက်ဆီဂျင် လုံလောက်မှု ရှိနေသရွေ့ ... ဘဝ၊ နာကျင်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို မျိုးပွားဆဲလ်တစ်ခုလို အသုံးချသွားပါ။
ခပ်ပါးပါး စိတ်ဓါတ် ... အရေထူ လောကဓံ ... အိမ်မက် ... ဒီလို ပျို့အန်မှုတွေ ပိုမိုများပြား။ 
လူပြိန်း သူပြိန်းတွေရဲ့အထာကို ခင်ဗျားတို့ ခေတ်က သင်ကြားနိုင်တယ်။
ခင်ဗျား ရဲ့ ကတိစကားတစ်ခုက ပြစ်မှုကျူးလွန်တာပဲ။

ခရမ်းရောင် မနက်ခင်း တွေ ... မှာ အနက်ရောင်အနားသတ် များစွာ 
ပါ ဝင် ဖွဲ့ စည်း ထားတယ်၊ ပါဝင်ထားတယ်။ ဖွဲစည်းထားတယ်။  ခရမ်းရောင် ခါးနံပတ် တစ်ဆယ့်သုံး။
ကဗျာ ... အက်ဆေးနဲ့ ကိုယ့် လူနေမှုပတ်ဝန်းကျင်မှာ လူအ လူပြိန်းများ စိတ်တိုင်းကျ နိုင်ငံရေး ဝေါ ဟာ ရ များ ကိုက်ခဲခံရ။
ကိုက် ခဲ ခံ ရ ဖွယ်ဒဏ်ရာများအတွက် ခင်ဗျားက .......... ။ ဒါမှမဟုတ် ခင်ဗျားကို။
ခါးနံပတ် တစ်ဆယ့်သုံး၊ တစ်ဆယ်သုံး။ ဆယ့် သုံး။ ငါ လမ်းတွေကို နင်းမိပြီ ပင်လယ် ။ 
လျှောက်နေတဲ့လမ်းက ခြေထောက်နဲ့ မတော်ဘူး .....။

ပင်လယ် ... ကောင်းကင်နဲ့ ငှက် တွေက ကျွန်တော့် ချစ်ခြင်းမေတ္တာ ရဲ့ Nick Name ။ 
ကျွန်တော့်ရဲ့ သာမန်လူ အဖွဲအစည်းထဲက ရုန်းမထွက်နိုင်သရွေ့ တော့ ခင်ဗျား ဒီလို Nick တွေ ရလိမ့်မယ်မဟုတ်ဘူး။
လူတွေဆီက ပျောက်ဆုံးသွားတာ ဘယ်လို အရာမျိုးလဲ။ ..................................... ။

အချစ်ဆိုတာ ဘဝတစ်ခုက  ဘဝတစ်ခုကို ဆာလောင်နေတာပါပဲ။ ကျွန်တော်ပြောခဲ့တယ် ။
ကမ္ဘာ အတွက် ငတ်မွတ်ခြင်းက ပြဿနာလား ဆယ့်သုံး။  အခြေအနေအရ အားလုံး  Problem Loading။
အစားအစာ ... ရေ ... ကရုဏာတရား.. သစ္စာ နဲ့ငွေကြေးပိုင်ဆိုင်လိုမှု။
ချစ်ခြင်းမေတ္တာ ... နားလည်မှု နဲ့ ပျော်ရွှင်ခြင်း ပျက်သုဉ်းမှုကစလို့ ဆာလောင်မှုဟာ တောမီးလို လှိုက်စားလွယ်။
ကိုးကွယ်မှု မဟုတ်ပေမယ့် လူ ဟာ တစ်စုံတစ်ခုကို မျက်စိမှိတ်ယုံကြည်နေတတ်ကြပါတယ်။

ကျွန်တော် ဒီကဗျာကို အ သေ အ ချာ ပြု ပြင် ဖန် တီး လိုက်တယ် ။


W a I m H u C h O

No comments:

Post a Comment