Sunday, January 16, 2011

Nothing - 1


စိတ်ဓါတ်တွေ အထားအသိုမှားတဲ့ ည .......
မှောင် နေတဲ့ လမ်းလား
ငါ့ ခွန်အားနဲ့ တန်သလောက်
အလင်းတွေ ဖရိုဖရဲ ...... ဖိတ် စင် ထား တာပေါ့..။

ငါ့ အတွက် ........
မေတ္တာ ဆိုတာ
ငြမ်းစင်ထားတဲ့ ရင်ခွင်တစ်ခုပါ။

....................

တစစ်စစ်ကိုက်ခဲနေတဲ့ မျက်လုံးတွေအောက်
ရေပေါ်ဆီ အလွမ်းတွေနဲ့
ကိုယ့်ကိုကိုယ် ယိုဖိတ်မိတဲ့ ကောင်.....။
မ ဝံ့ မ ရဲ ဆန္ဒ တွေနဲ့
ဘာ ကို မှ နောက် ထပ် ထပ် မ မှောင် ချင် တာ အသေအချာ......

အခါးမကျန်အောင် တဲ့
သကာ ဆီလောင်းပြီး
ပြုံးပြတတ်တဲ့ ကောင်က
အားလုံးကို အစစ်အမှန်လိုချင်သေး သတဲ့

ပေးနိုင်သူတွေနဲ့ ဝေးပါစေ
ဒီလို အပြေးအလွှား ဆုတောင်းသံတွေကြား
ငါ ရှင် သန် လာ တာ လည်း ကြာခဲ့ပြီပေါ့။   ။

No comments:

Post a Comment