Sunday, March 6, 2011

လမ်းလွဲ


အစကတည်းက
အဲဒီ လက်ကလေး တွဲဖို့
ငါကပဲ ဆန္ဒမဲ ပေးခဲ့တာပါ.......။

တည့်တည့်ကြီးကို လွဲနေတာပဲ တဲ့
ခံယူချက်တွေ တူမှ
အဓိပ္ပါယ်တွေ ညီမှ
ဘဝတွေ ထပ်တူမျှမှ
ဒီလမ်းကို ဆက်လျှောက်ရမှာလား။

ဟေ့အေး.....
ငါကလည်း ခေါင်းမာတဲ့သူ။

ပေးလိုက်တဲ့ အဖြူကို ငါယူလာတာ အမဲ
ဘာတဲ့...... ဟိုစကားပုံ
ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာ တဲ့
ငါလည်း သူရှေ့ရောက်ရင်
အလိုလို .......... ခေါင်းငုံ မျက်နှာလွှဲ။

................................... တာထက်
ကိုယ့်ကိုကိုယ် ဘာမှ မဟုတ်မှန်း
အသိပေးနေတာပါ.....။

လမ်းပေါ်က ခဲကို
အကြောင်းမဲ့ ကန်နေတာထက်
ပြောချင်တဲ့စကားလုံးတွေ ဖေါက်ခွဲ ပြစ်ချင်ခဲ့တာ........။

နည်းနည်းလောက် ရမယ်ဆိုရင်
ကဗျာတပုဒ်ကို ရင်ထဲထည့်ပီး
နင်ရှေ့မှာ ရဲဝံ့ချင်ခဲ့တာ...။

ဝေမှူးချို

No comments:

Post a Comment