Monday, February 28, 2011

"မတန်မရာ"

တာလီချိုးမထားဘူး
ဒိုင်ယာရီမှာလဲ မှတ်မထားဖြစ်ဘူး
အဲ... လို
စိတ်ရှည်လက်ရှည် ရက်စွဲတွေကို
တိုက်ခိုက် ညှို နှိုင်း
ဒါနဲ့
ငါ့ရဲ့ ပင်လယ်လေးလည်း ကိုယ်ရေသွေးတတ်လာပီ
ရှောင်တတ် တိမ်းတတ်လာပီ
ပီယဝါစာ မပါ အလိမ်အညာတွေ နဲ့
ဖုံးဖိတတ်လာပီ...။

အိမ် တဲ့
ကောင်းကင်နဲ့ ပင်လယ်...
တဒင်္ဂတော့ အတွေးတွေ ဖြာဖြာလက်
အကြည့်တွေ့ အရိုင်းဆန်ပေမယ့်
အပျော်လေးတွေ ကူးယှက်...။
ဘဝပေါင်းများစွာ...
ပင်လယ်ထဲကို စီးမျော
လက်ပေါင်းများစွာ
ကောင်းကင်ကို ကမ်းလင့်.....။

ဖြတ်သန်းသွားလာဖူးတဲ့ လေပြေတွေ....
ဖြူစင်သန့်ရှင်းလွန်းပါတယ် ...။
အတွေးတွေနဲ့ သာ..
မတန်မရာ.......။

ဝေမှူးချို

No comments:

Post a Comment