Monday, February 7, 2011

"အလင်းတိုင်"

7-2-2011
ကျမ ဘယ်အချိန်ထိ ငိုင်နေမိပါလိမ့်
တ-တူ-တူ အသံလေးနဲ့ ချသွားတာကြာပီဖြစ်တဲ့ ဖုန်းကို ငိုင်တွေတွေသာ ကြည့်နေမိတယ်
ဒီနေ့မနက်စောစော..........
 "မေမေ က သားကို တကယ် မချစ်ပါဘူး" တဲ့လေ
သားငယ်ရဲ့ စကားသံကို ကျမ ဘယ်လို အားတွေနဲ့ ပြန်ပြောခဲ့မိလည်း မသေချာ..........ပါ။မသိတော့ပါ........
ပါးထက်က ခြောက်သွေ့နေတဲ့ မျက်ရည်တွေက
သားအတွက် အဖြေကောင်းကောင်း အကြောင်းပြချက်ကောင်းတွေပေးနိုင်မှာ မဟုတ်ပါဘူး။

အိမ်စီးပွားရေး ... သားငယ်ရဲ နောင်ရေးတွေကြောင့် အဝေးရောက်နေတဲ့ ကျမဆီကို..
မွေးနေ့အမှီ ပြန်မလာခဲ့လို့..........
ရန်တွေ့နေတဲ့ ဒေါသ သံလေးပါ
သားက ဒီနေ့ဆို (၆) နှစ်ပြည့်ပြီ............။

အမေမျက်နှာ ကို တစ်ကမ္ဘာထင် ပြီး ရှင်သန်လာခဲ့တဲ့ သားငယ်... အဖေဆိုတာ ဘယ်နေမှန်း မသိခဲ့ပဲ......
လောက အကြောင်း မသိသေးတဲ့ သားငယ်....။
ဝဋ်ကြွေး လို့ ခေါင်းစဉ်မတပ်ချင်ပါဘူး ကိုယ့်မိုက်ပြစ်တွေကြောင့်
ဒုက္ခ ဆိုတာဘာမှန်း မသိသင့်သေးတဲ့ အရွယ်မှာ
မိသားစု အရိပ်အမြုံ ၊ အေးမြမှု.........
ကျမ ဘာတစ်ခုများပေးစွမ်းနိုင်သေးလို့လဲ
ဒါပေမယ့် ရုန်းကန်နေရတဲ့ အချိန်တွေမှာ သားက ကျမအတွက်.......အလင်းတိုင်လေးပါ


###############################################################

အပြင်ပန်းက မာကျောတဲ့ ဟန်နဲ့ ဂျစ်ကန်ကန်ကောင်မလေး
သူ့ရင်ထဲမှာလဲ............ ငိုနေတဲ့ တိမ်တွေရှိနေခဲ့တာပါပဲ...
အပြစ်တွေလား........... ဒါမှမဟုတ် နောင်တတွေလား
ကိုယ်စိုက်ခဲ့တဲ အသီး အပွင့်တွေပါပဲ ထင်ပါရဲ့

အဲနေ့က ... လောက ကို အရှုံးပေးဖို့ အသင့်ဖြစ်နေတဲ ကောင်မလေးမှာ
ရင်သွေးလေး ရှိနေပီ ဆိုတာ သိလိုက်ရုံနဲ့............ အရာရာ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့တာ



                             ######################################

7-2-2005(တနလာၤေန့)
တသက်လုံး ဒီလိုအားအင်တွေ ဒီလိုခြေလှမ်းတွေနဲ့ တစ်ခါမှ မလျှောက်ခဲ့ဘူးဘူး
အဲ့ဒါသေချာပါတယ် ။
ယိုင်နဲ့နဲ့ စိတ်ဓါတ်လေးက....... နောက်ထပ် တွယ်တာစရာ..
ငါ့သွေးသား ဆိုတဲ့အသိလေးနဲ့ ....
ခြေလှမ်းတွေက လေပေါ်ပဲ မြောက်တတ်သွားမလား ....... ရှင်သန်ဖို့အတွက် အားအင်တွေလေ...
ဟော..... မြင်နေရပါပီ အခန်းဒေါင့်ချိုးကွေ့ က OT(ခွဲခန်း... တခါးဝ...)
အစိမ်းဝတ်နဲ့ ဆေးရုံဝန်ထမ်းတွေ..
" ဟာ ... ဒါခုနက မွေးလူနာလား... စံပဲဟေ့ OT ခန်းကိုလမ်းလျှောက်လာတယ်....."
မွေးဖို့ရက်လွန်နေတဲ့ ကျမ ဒီနေ့ ဆေးရုံတက်ရတယ်..
နောက် ဗိုက်နာတဲ့ ဆေး သွင်းတယ်တဲ့... ဒါပေမယ့် ဗိုက်မနာတဲအပြင်
ကလေးက အသက်ရှုသံနှေးသွားလို့......... ပြီးလူကြီးပါ အသက်ရှုကျပ်လာလို.. အရေးပေါ်ခွဲစိတ်ရမယ်တဲ့လေ
ခက်ခဲနေတဲ့လေတွေကို ရှိုက်သွင်းရင်း....... ယိုင်တိုင်တိုင်အားအင်တွေနဲ့ အတူ
ခွဲခန်းဆီကို လျှောက်လာခဲ့တဲ့ ကျမရဲ့ ရပ်တည်မှုခြေလှမ်းတွေပေါ့

နောက် .နားဆီက ..
" ဟာ အေးမူညိုပါလား ညီမလေး ........ လာ ..လာ.. ကြည်စမ်း   သတ္တိကောင်းတယ်ဟေ့ ဒါမှ ငါ့ညီမလေး " OG မမရဲ့အသံ
ကျမအတွက် စိတ်ဓါတ်ခွန်အားတွေ အမြဲပေးခဲ့တဲ့ မမပေါ့
ကိုယ်ဝန်ရှိပီး နောက်ပိုင်း တစ်ဦးတည်းသော ကျမရဲ စကားပြောဖေါ် မမ ရဲ့ အားပေးသံစိုးရိမ်စိတ်တွေနဲ့ အတူ

ခွဲခန်း ကုတင်ပေါ်မှာ ယောက်ယက်ခက်နေတဲ့ ကျမစိတ်တွေ.....ကြား

ရှေဆက်ရမယ့်ခရီးမှာ သား ဆိုတဲ့ အသိနဲ့ ..........


@@@@@@@@@@@


ဟိုးတုန်းက ............ အိပ်ရာဝင် ပုံပြင်တွေကြားမှာ သားရဲ့မေးသံ
"မေမေသားကို ဘယ်လောက်ချစ်လဲ "တဲ့
လမင်းကြီးလောက် ၊ ...............လောက်
ကျမ ဒီလိုမဖြေဖြစ်ခဲ့ဘူး( သား မျှော်လင့်နေတဲ့ အဖြေထက်.................)
"မေ အသက်ရှင်နေတာ သား ရှိနေတယ် ဆိုတဲ့ အသိလေးနဲ့ပါ"
ဒီလိုဖြေတော့ နားမလည်နိုင်တဲ့ သားငယ်ရဲ့ မျက်ဝန်းတွေ အတွက်
ကျမ ပြန်မဖြေရှင်းတတ်ခဲ့ဘူး
တနေ့နေ့မှာ သား......... နားလည်နိုင်မှာပါ.......။

စကားလုံးတွေကို နားလည်အောင် မရှင်းပြတတ်ခဲ့မိတာ ကျမ ရဲ့ အားနည်းချက်ပါ
ဒါပေမယ့် ခံစားမှုဆိုတာ လုပ်ယူလို့ မရဘူး။ ခံစားဘူးတဲ့ သူတိုင်းသိကြပါတယ်............။
သားသား နားလည်တတ်မည့် တစ်နေ့
ကျမ  သူ့ ကို ဘယ်လောက်ချစ်တယ်ဆိုတာ...............

1 comment:

  1. မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့သဘောရှိတာမို့ တစ်နေ့မှာ သားလေးနားလည်လာမှာပါ...။
    ခံစားမှုအားကောင်းတဲ့ စာလေးကို FB ကနေတစ်ဆင့် လာဖတ်သွားပါတယ်...။

    ခင်မင်ခြင်းအားဖြင့်...

    ဏီလင်းညို

    ReplyDelete