Sunday, February 6, 2011

"မဆိုရက်တဲ့ တေး"

ဆန္ဒ နဲ့ ခေါင်မိုး မလုံတဲ့ တိမ်
ဒီ မျက်လုံးတွေမှာ မျက်ရည် စို မိ တိုင်း
မြင်ကွင်းက အရိုင်းဆန်နေတတ်တယ်။။။။

ခွင့်လွှတ်ပါကွယ်
ဟင်းလင်း ဖွင့် နံရံတွေမှာ
စီးမျောမိတိုင်း
ငါ
ဒီတေးကိုသာ ထပ်ခါ တလဲလဲဆိုချင်ခဲ့။။။။

ခွင့်လွှတ်ပါကွယ်
ဒီ တေးကို မင်းမဆိုချင်တဲ့ အခါ
ဒီ လမ်းကို မင်းမလှမ်းချင်တဲ့ အခါ
ချိတ်ဆွဲလက်စ အလင်းတိုင်တွေ
မှေးမှိန်ပေးထားမယ်

ငါ............... ဒီဇတ်လမ်းကို ဖတ်မိတိုင်း
ဇတ်သိမ်းခန်းကို မရောက်နိုင်ဘူး
စာမျက်နှာထက်
လူတွေရဲ.မျက်နှာက
ဖတ်ရလွယ်တယ်လေ။။။။။။။။

No comments:

Post a Comment