Sunday, February 6, 2011

"အလကားလူရဲ. စကား"

အချစ်က
လူတွင်ကျယ်လုပ်ဖို့လိုလား
လူကြားသူကြား အသံတွေမှာ
ငါ ပါဝင်ဖို့ ခက်တယ်
ထမင်းသိုး ဟင်းသိုး လူပါ
ထားရာ နေတယ်
စေရာ သွားတတ်တယ်
ပြီးတော.....
ငါ နင်.ကို အရမ်းချစ်တယ်

စာမျက်နှာပေါ်က စာကားသံတွေလား
နှလုံးသားပေါ်က စာမျက်နှာတွေလား
နင့် ဇယားတွေက နားခါးလိုက်တာဟာ
စိတ် ဆိုတာ
အလိုလိုက်တိုင်း သွားတတ်တာမျိုးလား
အဟက် .........
ငါက ထမင်းသိုး ဟင်းသိုး လူပါ

ဒါပေမယ့်
ငါ နင့်ကို ချစ်တယ်

ကစားပွဲလား စကားပွဲလား
တရားသဖြင်တွေ မလိုပါဘူး
အရှုံးလား အနိုင်လား
ထမင်းရည်ပူလောင်သွားလား
ငါ က ထမင်းသိုးဟင်းသိုးလူပါ
အလားကားပဲတင်းလူပေမယ့်
ငါလည်း ခွေးရူးလုပ် တတ်ပါတယ်
အဟက်
ငါက
ထမင်းသိုး ဟင်းသိုးလူပါ ။။ (နင်.အတွက်လား)

No comments:

Post a Comment