ငါ..လမ်းတွေကို နင်းမိပြီ
အဟက်
လျှောက်နေတဲ့လမ်းက
ခြေထောက်နဲ့ မတော်ဘူး.....။
ဒဏ်ရာက ဟောင်းတယ်။
တစစ်စစ်ကြွေကျသံ
ကိုယ့်အလင်း နံရံတွေပေါ်
ပိန်းပိတ်အောင် မှောင်တယ်
သတိရစိတ် ..
တိမ်တွေနဲ့ ရေးထားလိုက်တယ်...။
ဒဏ်ရာ..
မသေချာ ...
မရေရာ...။
ဆွေး မြေ့ ကြေ ကွဲ
ဒီတစ်ကြိမ် ......... ဝမ်းမနည်းဖြစ်ဘူး။
ငါလျှောက်နေတဲ့ လမ်း
စိတ်ကူးပန်းရိုင်းတွေ မျိုးစေ့ချခဲ့တယ်..။
တကယ်က ..
သူဟာ ...... တစ်ချိန်က ..
ငါ့ကို နားလည်တဲ့ ပင်လယ် ပါ
ပင်လယ်ဆိုတာ ဘယ်တော့မှ မခမ်းခြောက်မယ့် ဝတ္ထု တစ်ခု တဲ့။ အဲ့ဒီ လူက ပင်လယ် ဟုတ်ခဲ့လို့လား ညီမလေးရေ။ နောင်တစ်ချိန်မှာ ရေတစ်ပေါက် လောက်တောင် အေးမြပေးနိုင်ပါ့မလား။
ReplyDeleteအတွေးတွေ အများကြီးနဲ့ ခဏ ရပ်ထားတယ်။ ဒီနေရာမှာ မရပ်သွားမယ့် အရာတွေက အချိန်တွေ ဖြစ်မယ်ထင်တယ်။
လူမိုက်ဖြစ်တဲ့ ငပေတစ်ကောင်ကတော့ ပင်လယ်ဝမှာ ရပ်လျက် ငိုင်နေတုန်းတဲ့ကွာ။
"တကယ်က ..
Deleteသူဟာ ...... တစ်ချိန်က ..
ငါ့ကို နားလည်တဲ့ ပင်လယ် ပါ"
တချိန်က တကယ်ကို နားလည်ပေးခဲ့သလို ...ခုချိန်ထိလည်း နားအလည်လွန်ပီး ကျနော့်အဝေးတနေရာမှာ ပင်လယ်ဆန်လို့ကောင်းနေတုန်းပဲပေါ့ နော် အစ်ကို ..........:D