Monday, February 21, 2011

"ပင်လယ်သေ"



မြစ်တွေကတော့ တာဝန်မပျက်
ခင်ဗျားသာ
အနားသတ်ကောက်ကြောင်းတွေ အကြောင်း
ထည့်မတွေးနဲ့ ကိုယ့်လူ

ပြောခဲ့ကြတယ်..... အတူတူ
ပုံစံမတူတဲ့ စီးဆင်းမှုတွေ ...

ငေးခဲ့ကြတယ် .. အတူတူ
သာယာတဲ့နေ့ရက်တွေ..

ရင်ဆိုင်ခဲ့ကြတယ် ... အတူတူ
မုန်တိုင်းထန်တဲ့ နေ့စွဲ တချို့တလေ..

ပင်လယ် ဆိုတာ.....
လှ တစ်ခါ ၊ မဲ့ တစ်လှည့်
ဒါ သဘာဝ ဆိုတာ သိပြီးသား......။

တစ်ခါတလေ
နင်ရော ၊ ငါရော
လူသားဆန်တဲ့ အခါ ဆန်..
ပင်လယ် ဆန်တဲ့ အခါ ဆန် ပေါ့.........။

No comments:

Post a Comment