Wednesday, February 2, 2011

"မ လို ပါ ဘူး ကွယ်"

ချည်နှောင်ခဲ့တာမဟုတ်ပါဘူး
ချိတ် တွယ် မိ ရုံ သက်သက်ပါ.................။

တုန့်ပြန်စရာ တဲ့လား
မလိုပါဘူးကွယ်
ငါလည်း ....
ဓူဝံကြယ်ဆိုတာ မြင်ဘူးခဲ့ပြီးပြီပဲ.........။

ခိုလှုံစရာ ...............တခုခု
မလိုပါဘူးကွယ်
ငါ့      အသက်ရှုသံ ကျိုး တိုး ကျဲ တဲ ကြား မှာ
ဖေးကူထားတဲ့ လက်တစ်စုံ ရှိဖူးခဲ့ပြီ........။

ပူလောင်သွား သတဲ့လား.....
ဝေဒနာ မပါပဲ .......... ဘဝ မဖြစ်နိုင်ဘူး
နာ ကျင် စ ရာ မ ပါ ခဲ့ ပဲ.......... အချစ်ဖြစ်မယ်မထင်ဘူး။

အဖြူရောင်ပဲ ဆိုရင်ဖြင့်
ချည်နှောင်စရာ မပါပဲ
င့ါကို မင်း  ပြုံးပြတတ်ဖို့တော့လိုနေတယ်။       ။

No comments:

Post a Comment