Friday, March 7, 2014

~တနင်္ဂနွေ တိမ် များ~

တိမ် -၁
ကွေ့ကွေ့ကောက်ကောက် လမ်းတွေအပေါ်
တွားသွား တက်နေသော မျှော်လင့်ချက်များ
တနင်္ဂနွေသည် အညိုရောင်ဆန်ဆန် လှပနေ၏။

တိမ်-၂
စိတ်ကို ရေကြည့်မိတယ်
အတိတ်က ကိုယ့်ကမ်းပါးမှာ ခဏ ခဏ ဖိတ်တဲ့ လရောင်။

တိမ်-၃
ပျော်တယ် . . .
ပျော်တယ် . . .
ဘဝဆိုတာကို လရောင်ပန်လိုက်
သာယာငြိမ်းအေးမှုဟာ ကမ္ဘာတစ်ခြမ်းစာထက် ပိုတယ်

ဒေါင် ဒေါင် ဒင် ဒင်
ဒေါင် ဒေါင် ဒင် ဒင်
ချစ်သူ ဂစ်တာ တစ်လက် ဝိုင်တစ်ခွက် နဲ့ သူငယ်ချင်းတသိုက် ။
တနင်္ဂနွေသည် အညိုရောင်ဆန်ဆန် လှပနေ၏။

ဝေမှူးချို

No comments:

Post a Comment