Friday, March 7, 2014

- ကိုယ် မယုံကြည်ရတဲ့ တနင်္ဂနွေ ........

မနက်ဖြန်တွေများတယ် .. တနင်္ဂနွေဟာ မယုံကြည်ရဘူး ..။
အပြုံးတုတွေ အပြုံးစစ်စစ်တွေ
တချို့က တိမ်လို လေလို
တချို့က .... ခံစားချက်စစ်စစ်တွေ .. မျက်နှာဖုံးစစ်စစ်တွေ
ရင်ခုန်ဘက် စစ်စစ်တွေအတွက် အရင်းအနှီးဟာ တနင်္ဂနွေပဲ ။

ယဉ်ကျေးမှုဆိုတာ မျက်နှာပြောင်တိုက်တတ်ရတယ် ...တနင်္ဂနွေ
အခြေအနေက အဓိက မဟုတ်သေးဘူး...
အတိအလင်း .. အတိအလင်း စားသုံးနိုင်ဖို့ ညစာ စစ်စစ်တွေလိုလာပြီ
ကိုယ်တို့ဟာ တနင်္ဂနွေ ဒေါင့်ဖျားက နှင်းငွေ့ငွေ့လေး ...
ကိုယ်တို့ဟာ သူ့ရာသီဒေါင့်ချိုးက စိတ်ကူး ရိုင်းလေး ..။

ခါး ခါး ခါးပြီးရင်းခါးနေရတဲ့ ကဗျာတွေ
ခါးပြီးရင်းခါးနေရတဲ့ စိတ်အမှုန်တွေ ...
အမှန်တရားကို မျိုချထားတဲ့ လက်က ကဗျာမဖြစ်နိုင်ဘူး
ဖန်တီးမှူသက်သက် စိတ်အမှုန်မကပ်တဲ့ ရင်ဘက်က ကဗျာ မဟုတ်ဘူး
အရင်းအနှီးဟာ တနင်္ဂနွေပဲ ။

သူဟာ အလိမ်အညာတွေနဲ့
သူဟာ ဆိုးဆေးအပြည့် မိုးထားတဲ့ တိမ်
သူဟာ ကိုယ်မယုံကြည်ရတဲ့ တနင်္ဂနွေ............။

ဝေမှူးချို

No comments:

Post a Comment