ကိုယ့် ကြိုးတွေလည်း ပြတ်ကုန်ပါပြီ ...
တိမ်လေးအရွေ့မှာ တိမ်းပါးခဲ့တဲ့ ဘဝ
ဘယ်ကုသိုလ်ကံကမှ အာမ မခံနိုင်ခဲ့ဘူး။
မမြဲသောတရားတွေ နှလုံးသွင်းလိုက်တိုင်း
အိမ်မက်ကို ကမ္ဘာပျက်မတတ် ...... အော်အော်ခေါ်ခဲ့ရတယ် ။
ဖြစ် ပျက် ဖြစ် ပျက် ဖြစ်ပျက် ..
အဲဒီလို ဘ၀အန်စာတုံးတခေါက်စာ အဖြစ် အပျက်တိုင်း ...
ဖြစ်ခဲ့ ပျက်ခဲ့ .. ပြီးဆုံးခဲ့တာပါပဲ ..။
မကြာခင် အိမ်ကိုပြန်ရမယ် ..
ဘယ်လမ်းမှ မပျောက်အောင် ဘယ်လမ်းမှ မလျောက်တော့ဘူး ။
မီးခိုးတလူလူလွင့်နေတဲ့ အဖေ့တဲအိုလေးထဲမှာ
မေတ္တာတရားတွေ အပြည့်အသိပ် ...
ကျနော့် စိတ်ကို ယိုဖိတ်နိုင်ပါစေ။
ဝေမှူးချို ....
No comments:
Post a Comment