Friday, March 7, 2014

သက်ဝင် နံနက်ခင်းများ

တိမ်ရောင် ခပ်ပြေပြေမှာ/ ဖြတ်ပြေးသွားတဲ့ လေပြေမှာ
နက်ဖြန်များစွာဟာ ခပ်လွင်လွင် ရီမောနိုင်တယ်
ဒီလို နံနက်ခင်းမျိုး မင်္ဂလာရှိစေ ဆိုတာပေါ့
ဘယ်လို လေပြေထိုးထိုး ဒီမနက်ခင်း မညှိုးစေရဘူး။

Coffee ပူပူတစ်ခွက်/ ခေတ်ထဲမှာ ကျပျောက်ခဲ့တဲ့ မနက်ခင်းတစ်ချို့
အလင်းကို ကန်းခဲ့ဖို့ဆိုတာ မသေချာ။
စိတ်အာဟာရက ရုန်းကန်မှုက စတာ
မိုးခါးရေ မသောက်နိုင်တာက စတာ
အနှုတ်လက္ခဏာ မလိုချင်တာက စတာ
အရီအပြုံးမဲ့တာက စတာ
ရင်ခုန်ရခြင်းမှာ အလိုမကျမိတာက စတာ။

ဘာပဲပြောပြော နောက်ကျမှ သိမယ့် ပေါက်မဲအတွက်
ဘာပဲပြောပြော တိတ်တခိုး ဖူးပွင့်ဘူးတဲ့ ပျော်ရွှင်မှုတွေ အတွက်
ဘာပဲပြောပြော ငါ့ကို လှိုက်လှိုက်လှဲလှဲ မျက်လုံးတွေနဲ့ ပြုံးပါ / ပြုံးပြပါ။

ဘာပဲပြောပြော ........
ကိုယ်ဟာ လူနံပတ် ၁၃
ဝမ်းနည်းခြင်းကို ထုံကူးတာတဲ့လား .....။ ပျော်ရွှင်ခြင်းကို စားသုံးတာတဲ့လား ။
ပျော်ရွှင်ပါစေလို့ပြောနေကြတဲ့ နေပျော်ချင်စရာမရှိတဲ့ မျက်နှာတွေ ။

ဘာပဲပြောပြော
သန့်သန့်ရှင်းရှင်း ပြတင်းတခါး ဖွင့်လိုက်ပါ
အာရုဏ်ခင်းကျင်းမှုက လှိုက်လှိုက်လှဲလှဲ သက်ဝင်နေမှာ။

ဝေမှူးချို

No comments:

Post a Comment