Friday, March 7, 2014

ကျွန်တော့ ဆီမှာ ဘာမှ မရှိပါ/ထိုနည်းတူ သုည ဟူသော အက္ခရာထံတွင် ဘာမှ မရှိခဲ့ပါ ။

ကျွန်တော့ ဆီမှာ ဘာမှ မရှိပါ...။
ထို ဘာမှမရှိသော အရှိတရားသည် အစစ်အမှန်ဖြစ်ကြောင်း လူတွေသိရန်မလိုပါ..။
(ထို ခံယူချက်ဖြင့် ကျွန်တော် ခရီးဆက်ခဲ့သည်မှာ ဆယ်စုနှစ် ၃ခါစွန်းခဲ့ပြီ...)
ကျွန်တော့ ဆီမှာ ဘာမှ မရှိပါ...။ထိုကဲ့သို့ မရှိကြောင်း သေချာနေရန် မလိုအပ်ပါ..။
သို့သော်......
ကျွန်နော်သည် ဘာမှမရေရာမသေချာနေသော အဓိပ္ပါယ်များကြားတွင် လူ ဟုသော “နာမ” တစ်ခု ပိုင်ဆိုင်ထားသည် ။ ပိုင်ဆိုင်ထားသည်ဟု ပြောပါသည်....။ ထို့အတူ ကျွန်တော့်ဆီမှာ ဘာမှ မရှိပါ..။
အမေရဲ့ စိတ်ပူသံ..။ သူငယ်ချင်းများ၏ ရယ်သံ ..။ ပညာရည်ချွန်ဆုပေးပွဲမှ လက်ခုတ်သံများ..။ စိတ်အလိုမကျသံ ... အားပါးတရ ရယ်မောခဲ့ သံများ..။
ချစ်ခြင်းမေတ္တာ ။ မနာလို မုန်းတီးမှု..။ ပျော်ရွင် ဝမ်းသာ ဝမ်းနည်း စသည့်စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ...။
ရုပ်ဝတ္ထုဆန်ဆန် ... ကြီးပြင်းနေထိုင်မှု ...
ထိုအဓိပ္ပါယ်အား တိကျစွာမသိခဲ့ပါက...သင်ကိုယ်တိုင်ဖြစ်စေ တခြားလူဆီမှာဖြစ်စေ ရှာဖွေရန် မလိုအပ်ပါ။ ခံစားချက်များ ထပ်မံ ရုပ်ဆန်နေမည်မှာ သေချာပါသည်။ တစ်စုံတစ်ရာသော ဆန္ဒများ မပါဝင်ပါ၊
ဘာမှမရှိသော ကျွန်နော်သည် တစ်ချိန်ချိန်တွင် ထိုဘာမှ မရှိသည်ကို ဗလာဟု သတ်မှတ်ကောင်း သတ်မှတ် ပါလိမ့်မည်။
စိတ် ၊ ရုပ် ၊ နာမ် သုံးပါး၏ အစွန်းတွင်း မည်သည့် သတ်မှတ်ချက်မျှ အကျုံးမ၀င်ခဲ့။
တချို့လူများက ဘာမှမရှိသည်ကို သုညဟု ဆိုပါသည်။။
သုညအား သုညဟု သတ်မှတ်သောလူများနှင့် ဗလာဟုသတ်မှတ်သော သူများကြား တန်ဖိုးတွေ စကားများ နေသည်။
ဗလာနှင့် သုညကြား နတ္ထိ ဟူသော စကားတစ်လုံးပိုလာသည်..။
သုည ။ ဗလာ ။ နတ္ထိ ။။။ကျွန်တော့ဆီမှာ ဘာမှ မရှိ..။
ထိုကြောင့် ကျွန်တော်ထံထွင် တန်ဖိုးသတ်မှတ်မှုများ အချင်းများရန် လုံးဝ မရှိပါ..။
ကျွန်တော်ဆိုလိုသည့် ဘာမှမရှိခြင်းမှာ ဘာမှ မရှိခြင်းသက်သက်သာ ဖြစ်ပါသည်။
သုည.. ဗလာ တန်ဖိုး ကိန်းဂဏန်း တစ်ခုမှ မပါ။ (ဤနေရာတွင် ကိုယ်စားပြု စကားလုံးများ သုံးနှုန်းရန်မလိုပါ)
ဗလာ နတ္ထိသာဖြစ်ပါသည် ထို့ အပြင် တစ်စုံတစ်ရာ ရှိကောင်းရှိနေနိုင်ပါသည်။
သိုသော်မရေရာပါ ထိုကဲ့သို မရေရာမသေချာသော အတွေးများ စိတ်ကုးများ ရောက်လာသည်မှာ ထိုသုည တစ်လုံးမှ စတင်ခဲ့သည်လား
ဗလာဟု ဆိုအပ်သော အရာမှလား
နတ္ထိ ဟူသော အဓိပ္ပါယ် ထံမှလား
ထို ............လား ပေါင်းများစွာအား စဉ်းစားနေရန်မလိုပါ။
မသိပါ မရှိပါ..။ ထိုသတ်မှတ်ချက်အား မည်သည့်စာအုပ်တွင်ပါမည် မပါမည် အာမမခံပါ ။
မှန်ကန်ကြောင်း/မှားယွင်းကြောင်း ရှင်းပြစရာ/ စိုးရိမ်စရာ/တွေဝေစရာ လုံးဝမလိုပါ ။
ကျွန်တော့ဆီမှာ ဘာမှ မရှိပါ..။
ဘာမှမရှိကြောင်း /ဘာမှ မရှိတော့ကြောင်း သေချာနေရန်သာ လိုအပ်သည်။/ထိုလိုအပ်ချက်များလည်း မလိုပါ။
ဘာမှ မရှိခြင်းသည် သုညဟု ဆိုပါသည်။
ထိုသုညနဲ့ ကျွန်တော်ရင်းနှီး ကျွမ်းဝင်ခဲ့သည်မှာ လူမှန်းသိတတ်စကတည်းကပင်..............။
ဂဏန်းတွေရဲ့ တန်ဖိုးကို ရေတွက်ရင်း သိခဲ့တာ ဖြစ်နိုင်သည်။
ခဲလုံး တစ်လုံးမှာ ၁( တစ်ခု ) ဆိုတဲ့ ကိုယ်ပိုင်တန်းဖိုးတစ်ခုရှိနေကြောင်း..........။
ငှက်တစ်ကောင် လူတစ်ယောက်.. ခွေးတစ်ကောင်
တကယ်တော့.........သုညသည် သုညပင်ဖြစ်ပါသည်..။
သုညတွင် ဘာမှ မရှိပါ..။ သုည ဟူသည် ခဲတစ်လုံးလည်း မဟုတ် ငှက်တစ်ကောင်လည်း မမည်... ထိုကြောင့် သုညသည် ဘာမှမဟုတ်။
တစ်နေ့ ..............
ထို ဘာမှ မဟုတ်သော သုညသည် ဈေးလည်ကောင်တွင်မျက်စိလည်နေသည်။ ထို သုညသည် ယခင်က သုည မဟုတ်...။ယခု သုညသည်လည်း သုညမဖြစ်နိုင် သို့သော် သုညသည် သုည သက်သက်သာ ဖြစ်သည်။
အမေဈေးသွားတုန်း ကောက်ရခဲ့တဲ့ သုည..။ သူတွင်ဘာမှ မရှိ ... ခွေးတစ်ကောင်ထက်မပို ။
သိုသော် ဘာ မှ ရှိ မ နေ သော သူ့ကို ကျွန်နော်တို့တစ်အိမ်လုံးက သုည အဖြစ် သတ်မှတ်လိုက်ကြသည်..။
(သိုသော် သူသည်ခွေးတစ်ကောင်ဖြစ်သည်)
ဘာမှ မရှိသော ခွေးတစ်ကောင်သည် သုည ဖြစ်နိုင်သည်...ဘာမှ မရှိသော ကျွန်တော်သည်ပင် သုည ဖြစ်နေနိုင်သည်။
သုညသည် ခွေးတစ်ကောင် ..ယခု အမေကောက်ရခဲ့တာ ...သုည.ဖြစ်နေသည်။
သူ့တွင် ကျွန်နော်တို့တစ်အိမ်လုံး၏ သနားဂရုဏာများရှိသည်..။
ကျွန်နော် မစားရက်တဲ့ ကြက်ကြော်တစ်ခုလည်း ဖြစ်နေသည်..။
ကျွန်နော်၏ ကစားဖော်သည် သုညဖြစ်နေသည်။။
အားလုံး၏ အချစ်တော်..... သုညဖြစ်နေသည်..။
ကျွန်နော်၏ ကျောင်းသွားဖော် သုည ဖြစ်နေသည်။
ကျွန်နော်၏ချစ်ခြင်းမေတ္တာမြူမှုန်လေးသည် သုညပင်ဖြစ်သည်။
ယခု ခွေးတစ်ကောင်ဖြစ်သည့်... သုညသည် ဘာမဆိုဖြစ်နိုင်သည်။
ဖန်တီးမှု...။တောင်းဆိုမှု..။ လိုအင်ဆန္ဒများအား တောင်းဆိုပိုင်ခွင့်..။ငြင်းပယ်ပိုင်ခွင့်များ ထိုသုညတွင်ရှိနိုင်ပါသည် ... ထိုနည်းတူ မရှိနိုင်ပါ..။ သုညသည် ခံစားချက်များအား ကိုယ်စားပြု နိုင်သည်..။
တစ်နေ့ သုည ကားတိုက်ခံလိုက်ရသည်..။
သုညသည် ချစ်ခြင်းမေတ္တာများ၏တန်ဖိုးကို သိစေသည်။ သိစေခဲ့သည်။
ကျွန်နော်မစားရက်တဲ့ကြက်ကြော် ၏ ပိုင်ရှင်ဖြစ်သည်..။ ဖြစ်ခဲ့သည်။
သုည မရှိမှ တန်ဖိုးသိစေသလား ... ရှိတုန်းက သိခဲ့တာလား ... အငြင်းပွားရန်မဖြစ်နိုင်ပါ။
ယခု ကျွန်တော်တို့ မျက်မှောက်တွင် သုည တကယ် မရှိတော့ပါ

ကဗျာဆရာတစ်ယောက်ကဆိုသည်....
ရှေ့မှာနေရမှထက် သုညဆိုတဲ့ သဘာဝ
နောက်ကနေဘဲ တန်ဖိုးတက်စေခဲ့တယ်.......တဲ့
ဟိုစဉ်.........(၁) တစ်အတိုင်းရှိနေသော ခွေးတစ်ကောင်အား ကျွန်နော်တို့ ဘာမှ မပေးခဲ့ပါ
သိုသော် ..... သုည(၀)သည် တန်ဖိုးကို သိစေသည်..။
လွန်ခဲ့သောကာလများစွာက ကျွန်နော် သုညကို မသိပါ ..
သုည၏ တန်ဖိုးကိုလည်း မသိခဲ့ပါ...။
သုညသည် သုညဖြစ်ကြောင်းရေရာစေသည်..။ သူသည် သုညဖြစ်ကြောင်းမည်သူနှင့်မျှ အငြင်းပွားရန်မလိုပါ။

ဤနေရာတွင်ဤစာကိုရေးနေသောကျွနုပ်သည်ပင် သုညကဲ့သို ရေရာမှုများ ရှိခဲ့ပါသလား..။
မိမိကြောင့် ကိန်းဂဏန်းများစွာ... အရေအတွက်ပေါင်းများစွာ တန်ဖိုး များစွာအား ရေရာစေခဲ့ပါသလား..။
သုည(၀) အား တစ်(၁)ဖြစ်အောင် တစ်(၁)အား ထိုထက်ပို တန်ဖိုးတက်အောင် ...............

ထိုနေရာတွင်.....လူအများ သတ်မှတ်။ လက်ခံ။ ယုံကြည်နေကြသော။ တန်ဖိုးများစွာအား လွတ်လပ်စွာ ကွဲလွဲ နိုင်ပါသည်။
တကယ်တော့......... သုညသည် သုညပင်ဖြစ်ပါသည်..။
သုညတွင် ဘာမှ မရှိပါ..။
ထိုနည်းတူ ကျွန်နော်ထံတွင် သုည မရှိပါ .. ဘာမှ မရှိခဲ့ပါ ။

ဝေမှူးချို

No comments:

Post a Comment