Thursday, December 19, 2013

စိတ္တဇ ငိုသံ

၁။ ဖျော်ဖြေမှု မပါဘူး
နာကျင်မှုအတွက် ဂီတသံဟာ
သွေးစက်တွေကို ဖန်တီးလာတယ်........။

၂။ ဘရိတ်ဓါး တစ်ချောင်း
မင်းနားထောင်ကြည့်စမ်း.........။

သူ...............
ငိုသံတွေ ဖန်တီးတတ်တယ်
နာကျင်သံတွေ ရေရွတ်တတ်တယ်။

၃။ မျက်ရည် ဂီတကို သူအသက်သွင်းနိုင်တယ်။

ယမမင်းကို ဒူးထောက်ခိုင်းချင်တာမဟုတ်ဘူး
ကိုယ့် ငိုသံ ကို ကိုယ်ဖန်တီးနေတာ။

၎။ ကြာတော့
မဲ့ပြုံးတချက်ကလည်း ဆေးမတိုးတော့ဘူး။

သေဆုံးဖိုအတွက် ဒါမှမဟုတ် ပျောက်ဆုံးဖို့အတွက်
အဲဒီ ဓါးချက်တွေ
စိတ်နဲ့ နွေးကြည့်တာ
မဟုတ်ဘူး ... မဟုတ်ခဲ့ဘူး
အိမ်မက်ဟာ စိတ်မှာ အရာမထင်ခဲ့ဘူး ။

၅။ ညာဘက် လက်ကောက်ဝတ် ဆီက
ပြတ် ရှ ဒဏ်ရာများ
စိတ်ဟာ အလင်းကို ကန်းခဲ့တာ သေချာတယ်။

အိပ်စက်ခြင်းဟာ
ဆေးလုံး ဝါဝါလေးတွေ။

၆။ အလွမ်းဟာ သွေး လေ ခြောက်ခြားလို့
ကိုယ့်စိတ္တဇဟာ
ပိုက်ဆံနဲ့ပေးဝယ်နေရတဲ့ ခပ်ပေါပေါ အလွမ်း။

အလွမ်း တဒါဇင်ပေးပါ
ယုံကြည်မှုဟာ လူရွှင်တော် ဖလားပဲ။

၇။ သင်းကွဲ ညနေခင်းတဲ့
လက်ဘက်ရည်ဆိုင်ထဲက တိုးတိတ်နေတဲ့ အသံတွေ

နဂိုလ် စိတ်ကိုက အထိနာလွန်းတိုင်း
မျက်ရည်တွေ မကျတတ်လွန်းလို့
သွေးသားတချို စားသုံးကြည့်တာ........(ချိုပါတယ်........)
....................။

ဝေမှူးချို



....................။

No comments:

Post a Comment