Thursday, December 19, 2013

- ဆွံ အ ထုံ ထိုင်း တာ တွေ များ လာ တော့ ကိုယ် ဟာ ဘယ် ကောင်း မှု ကို မှ မ လွန် ကျူး တတ် တော့ -



မနက်ခင်းတိုင်းက မင်္ဂလာရှိပါတယ်
ကိုယ်လို လူမမယ်အတွေးကသာ အိပ်မက်ဆိုးတွေ မက်တာ ။

တိတ်တဆိတ် ဘားဆိုင်လေး / နီကျင်ကျင် .ယစ်ရွှေရည် .
ဖန်မီးရောင် မပြယ့်တပြယ်ကြားက ကိုယ့် ညည်းတွားရှိုက်သံများ
ဒဏ်ရာ / အနာတရက နာဖျားစိတ်နဲ့ ကိုယ့် ၀ပ်ကျင်းဟာ သွေးအေးခဲ့။

စိတ် အစွန်းမှာ တင်ကျန်နေတဲ့ ချစ်ခြင်း
မေတ္တာဟာ မေတ္တာကို မသွေဖယ်နိုင်ဘူး
ချစ်ခြင်း/မေတ္တာတဲ့လား
တိမ်..မြှုပ် .. ပျောက် ..ကွယ် သွား..လေ..သော ကိုယ့် ပျော်ရွှင်ခြင်း
အလွမ်း စိတ်ဟာ နှစ် ၃၀ ။

ကောင်းကင်ကို မော်ကြည့်ရသလိုပဲ အနာဂတ်ဟာ တိမ်ရောင်ခြယ်နေရဲ့
တိတ်တဆိတ် နေလိုက်ခြင်းဟာ အားလုံးကို အနိုင်ပေးလိုက်ခြင်းပါပဲ
ကျနော်ကလည်း အရှုံးကိုလက်မခံဘူး။

သိပ် အုံမှိုင်းသွားရင် ကိုယ် ဘယ်လို ငွေ့ရည်ဖွဲ့ ရ မ လည်း ..
တိမ် အရွေ့မှာ တေးသံသာသာ ကျူး လို့ ..
စိတ် တ ခေါ် စာ အဝေးမှာ ကိုယ့် အလွမ်းသံကို သူမှားယွင်းခဲ့လား
လို အပ် နေ တဲ့ စိတ်နဲ့ စိတ်ကို လို အပ်နေကြတဲ့ ရာသီ။

အိမ်ဟာ ကိုယ့်အလွမ်းသံကို မယုံဘူး .
ဆွံ အ ထုံ ထိုင်း တာ တွေ များ လာ တော့ ကိုယ် ဟာ ဘယ် ကောင်း မှု ကို မှ မ လွန် ကျူး တတ် တော့.။ ။

ဝေမှူးချို





No comments:

Post a Comment