Friday, March 7, 2014

စိတ်ဆာနေတဲ့ ကဗျာဆရာတွေ

လောကအမှိုက်မှောင်ကို ရှူမြင်တယ်
လူသားဆန်မှုကိုတန်ဖိုးထားတယ်
ဖြစ် ပျက် ဖြစ် ပျက် နဲ့ ....
ဖြစ်နေတုန်းမှာပျက်တဲ့ စိတ်နဲ့ ကဗျာရေးတယ်
ပျက်နေတုန်းမှာ ဖြစ်ချင်စိတ်နဲ့ ကဗျာရေးတယ်....။

အလိုအပ်ဆုံးတွေကိုတောင့်တတဲ့အခါ ... တစိုက်မက်မက်
ပိုင်ဆိုင်ချိန်မှာအမှောင်ခြမ်းကိုမျှော်ငေးတတ်တဲ့သူတွေ ..
အပြည့်အ၀ မပျော်တတ်သလိုလိုနဲ့
အပြည့်အ၀ နာနာကျင်ကျင် ရင်ခုန်ချင်သူတွေ..........။

မေတ္တာတရားကိုဘုရားလိုကိုးကွယ်ချင်သလောက်
အဲဒီအထိအတွေ့မှာနေသားမကျတတ်သူ
အမှားတွေမှားနေကြောင်းမှန်နေသ၍
အမှန်တရားလိုဇွတ်မှိတ် ယုံကြည်ချင်သူတွေ ။

ခါးသီးမှုတိုင်းကိုခါးသီးဖို့ ၀န်မလေးသလောက်
ချိုမြိန်မှုကိုနိဂုံးလို့ မျှော်မြင်တတ်သူတွေ ..............။

သူတို့.............
စိတ်ကိုဆာတယ် ...
ရိုးသားမှုကိုဆာတယ်
နာကျင်မှုကိုဆာတယ်
ကဗျာကိုဆာတယ် ။

ဝေမှူးချို ....................

No comments:

Post a Comment