Tuesday, March 20, 2012

ကျေးဇူးတင်တယ် မခရေ……………………………….။ ။

ရှူနေတဲ့လေကိုက ခက်တယ်
အသီးအပွင့်တွေ ပွင့ှ် ဖူး ဖို့တဲ့
အကိုင်းအခက်တွေ စတေးခိုင်းတယ်….
ကျေးဇူးတင်ပါတယ် မခရေ….။

လှည့်ကွက်တွေဖန်
ကျွမ်းပြန်နေတဲ့ ကျွန်တော်အတိတ်ကို
မဖိတ်မစင် ခင်ဗျား ပြန်ပြင်ပေးခဲ့တယ်…။။

အလင်းကိုက အကျနာလွန်းပါရဲ့…………
မျှော်လင့်ချက် မပိုင်တဲ့တိမ်ကိုမှ
အိမ်ဆောက်မိတယ်…။
စိုက်ပျိုးခဲ့သလို ရိပ်သိမ်းနည်း သင်သွားတဲ့ ခင်ဗျား
ဥာဏ်နည်းလွန်းသူ ကျွန်တော့်အမှားပါလေ..
ကျေးဇူးတင်ပါတယ် မခရေရယ်…..။

လောက ကို သံရှည်ဆွဲပြီး
မနက်ဖြန်ကို ပြန်လှည့်ကြည့်ရတာ 
ပင်ပန်းရှာတော့မယ်……။
သံယောဇဉ် တဲ့………
ယိုင်နဲ့တတ်သူ ကျွန်တော်အမှား
နှုတ် မဆက်မိရင်လည်းအကောင်းသားဗျာ။။။။

ဘ၀ရဲ့ အားမာန်တွေပြန်ရှာပေးခဲ့တာတဲ့
ခင်ဗျားရဲ့ ရှိုက်သံ…ကိုမှ
နှလုံးသားကို ချကျွေးမိတယ်ဗျာ
မှားခဲ့ပါတယ် မခရေ...။။

ခပ်အက်အက် ယုံကြည်ချက်လေး
ကျွန်တော်…………..ခင်ဗျားကိုပြန်ပေးတော့မယ်
ကျေးဇူးတင်ပါတယ် မခရေ………………….။

နာကျင်စရာများတဲ့
ကျွန်တော့် နားက ……..ခင်ဗျားအပြုံးဆိုကြားတတ်လွန်းလို့
ဝဋ်ကြွေးရှိလည်း ယူတော်မူ
အပြစ်ရှိလည်း ကျေတော်မူပါ………..။
ကျေးဇူးတင်ပါတယ် … မခရေ ရယ်……….။

ရူနေတဲ့လေကိုက ခက်တယ် မခရေ
ကျွန်တော် ..........ခင်ဗျားကို ချစ်ဖို့
မျက်ရည်တွေ စတေးခိုင်းတယ်
နာစရာတွေ ချကျွေးခိုင်းတယ်
ဘ၀ အဆက်ဆက် …. က
ကျွန်နော်အိမ်မက်တွေကိုလည်း ခေါက်သိမ်းသွားတယ်

ခံစားမှုနဲ့ ဖွဲ့တဲ့တေး
ကျွန်တော့ကဗျာတွေ ပြန်သိမ်းသွားတယ်
ကြယ်လိုလူ …. ကျွန်တော်က
ပင်လယ်ကိုမှ လင်းမပြနိုင်ပဲလေ။
အမိုးခပ်နိမ့်နိမ့် ကျွန်တော့်ရဲအတိတ်နဲ့
ခင်ဗျားကိုချော့သိပ်ဖို့…မလိုတော့ဘူး
လက်တွေ့ မဆန်တဲ့အနာဂတ်နဲ့
ကျွန်တော် ခင်ဗျားအတွက်..
တိမ်မလုပ်ပေးနိုင်တော့ဘူးဗျာ။

ကျေးဇူးတင်တယ် မခရေ……………………………….။       

ဝေမှူးချို
၂၀၁၁ ဇွန်၁၈
4:30 PM
 တော်တော်လေး ရင်နင့်သွားလို ဒီကဗျာကို သူဖတ်ဖို့ရေးတယ်

No comments:

Post a Comment