Tuesday, December 28, 2010

ကျွန်တော်.... ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်

ကျွန်တော်.... ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်
ဟိုးမှာ
ဖြတ်နင်းခဲ့တဲ့ အချိန်တွေ
ကြွင်းခဲ့တဲ့ စိတ်ဒဏ်ရာ
ရခဲ့တဲ့ လောက ဓမ္မ တွေများ
နောက်ထပ် .......
ပြန်
တွေ့
နိုင်
အုံး
မလား။

ကျွန်တော် ကြယ်တွေ ထိုင်ကြည့်ရအုံးမယ်
အထားအသို မှားထားတဲ့ အဓိပ္ပါယ်တွေ
ကိုယ်တိုင် ရုပ် နာမ် မကွဲသေးသမျှ
ကံကြမ္မာကပဲ
ပွဲတော် တည် သွား မ လား။

ကြယ်ကြွေ ဆုတောင်း တဲ့
မတောင်းတိုင်း ပြည်.နေတဲ. ဆုတွေ အကြောင်း
ပြန်မပြောချင်လောက်အောင်ကို
မုန်းတယ်။

ကျွန်တော် ကြယ်တွေ ထိုင်ကြည်.ရအုံးမယ်

လရောင်မှာ
အေးမြ ကြည့်တယ်။
စိတ်ရဲ. ပြတင်းဝကို
သပ်သပ်ရပ်ရပ်ပိတ်မထားနိုင်တော.လည်း
အလင်းတွေ လျှံဖိတ်ကုန်တယ်
(ဘ၀ ပေါ် အနှံအပြား
လွင့်
စင်
ကြေ
ကွဲ
လို့)
အဲဒီ အလင်းတွေ

ဘာ ပဲ ပြော ပြော
ကျွန်တော်တို့ ကြယ်တွေ ထိုင်ကြည့်ရအုံးမယ်
ကြယ်ကြွေတွေ ထိုင်ကြည့်ရအုံးမယ်
ကျွန်တော်တို.
...................................
။။။။။။။။။။။

No comments:

Post a Comment